Chapter - 64

2K 265 12
                                    

Unicode

" ခင်ဗျား ရူပဗေဒဆိုတာ ဘာလဲရော သိရဲ့လား "

ဆယ်ကျော်သက်လူငယ်၏ အသံမှာ ကြမ်းရှရှနှင့် မတိုးမကျယ်။ သို့ပေမဲ့ အစိုးမရသော ယုံကြည်မှုအပြည့်ရှိနေသည့် သူ့လေသံဟာ ကြည့်နေသူအပေါင်းကို တိတ်ဆိတ်သွားအောင် ပိုင်နိုင်စွာ ရိုက်ချပစ်နိုင်ခဲ့သည်။

သူ့မေးခွန်းက ရှိနေသမျှလူတွေကို အချိန်ယူစဉ်းစားမိစေသည်အထိ လမ်းစပျိုးပေးသကဲ့သို့ပင်။

ဒါဆို ရူပဗေဒက ဘာလဲ?

နောက်တစ်ဆင့်မှာ သူတို့ဘဝမှာ ဘယ်သောအခါကမှ မထိတွေ့ဖူးခဲ့သော အပိုင်းများရှိနေသေးတာကို အားလုံးက ကြားဖူးနားဝရှိကြသည်။ သူတို့တွေ မေးပါ ပြုတ်ထွက်မတတ်ပဲ။

" ခင်ဗျား Kerr black hole ရဲ့ analytic extension က ဘာမှန်း သိလား? "

လင်းဖင်ကျန်း သူနဲ့ ရင်းနှီးသလိုရှိသော အခေါ်အဝေါ်တစ်ခုကို ရုတ်တရက်ကြားလိုက်ရသည့်အခါ စိတ်တိုလာခဲ့ပြီး သူ အသက်ရှူရခက်လာခဲ့သည်။

Kerr black hole လား? အဲ့တာက အဆင့်မြင့် general relativity ရဲ့ ခေါင်းစဉ်အောက်က ဖြစ်ပုံရတယ်။

သူ တက္ကသိုလ်ကို လေးနှစ်ပဲတက်ဖူးတာ။ သူ mechanics နဲ့ electromagnetism ကို ပထမနှစ်မှာ လေ့လာခဲ့သည်။ ဒုတိယနှစ်တွင် သူ applied physics ကို ရွေးခဲ့သည်။ ပြီးခဲ့သော လေးနှစ်တွင် သူ သင်ရိုးတော်တော်များများတွင် ကျခဲ့သည်။ GPA က နည်းလွန်းလို့ ကျောင်းထွက်ရမလိုတော့ ဖြစ်ခဲ့သည်။

သင်တာတွေက သူ့အတွက် ရှုပ်ယှက်ခတ်နေခဲ့တာ။ ဘယ်လိုလုပ်ဒါတွေကို ကြည့်နိုင်မှာလဲ။

သူ့မှာ တုံ့ပြန်ချိန်များများစားစားမရှိလိုက်၊ ဆယ်ကျော်သက်ကောင်လေးက သူ့ကို ဆက်ပြီးမေးလာသည်။

" spontaneous symmetry ကျိုးပဲ့တာကို ခင်ဗျားရှင်းပြနိုင်လား "

သူ့အသံဟာ နှိမ့်ချခြင်း လုံးဝရှိမနေသလို၊ သူက စိတ်တိုဒေါသထွက်နေခြင်းလည်းမဟုတ်။ သူ့ရဲ့ ခပ်တိုးတိုး ကြမ်းရှရှအသံကြောင့်သာ လူတွေကို အနည်းငယ်သက်သာရာရသလို ခံစားစေရသည်။

သို့ထိတိုင် ထိုနေရာတွင်ရှိနေသည့် အသက်ရှိလူ အားလုံးက ရှင်းလင်းစွာ ကြားသိနေသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now