Chapter - 25

2.6K 329 2
                                    

Unicode

စည်ကားသိုက်မြိုက်နေသော ဘားအတွင်းတွင် ရောင်စုံမီးရောင်နိမ့်နိမ့်များက အကကြမ်းပြင်ပေါ်ရွေ့လျားဖြတ်သန်းနေပြီး ဒီ့အလွန်တစ်နေရာတွင် မှိန်ဖျော့မှောင်ကျကာ ငြိမ်သက်နေသော လေထုရှိနေသည်။ 

အရက်၏ လွှမ်းမိုးမှုအောက်တွင် ညအချိန်၏ အထိန်းအကွပ်မဲ့မှုနှင့် လွတ်မြောက်မှုတို့၌ ဒရမ်ဘေ့စ်သံနှင့် ကျယ်လောင်သော သံစဉ်တို့နှင့်အတူ လွတ်လပ်စွာကခုန်နေပြီး လူပေါင်းများစွာ ပျော်မွှေ့နေကြသည်။

ထို့အပြင် အမှောင်ကျနေသော ထောင့်တစ်နေရာ၌ လည်သာခင်းထားသည့် စားပွဲဝိုင်းတစ်ခုတွင် လူငယ်စုံတွဲတစ်တွဲက ပွေ့ဖက်လျက်သား။ ထိုနေရာမှ ဖြတ်သွားသောလူများက ၎င်းတို့အတွဲအား မရှင်းမရှင်းအကြည့်တို့ဖြင့် ကြည့်သွားသော်လည်း ဘားတွင် ဒီလိုအပြုအမူမျိုးက အထူးအဆန်းမဟုတ်ပါချေ။

တကယ်ဆို ဒီထက်ပိုသည့် အခြေအနေများစွာရှိသေးသည်ကြောင့် ထိုသို့ အရေးတယူမရှိခြင်းက ပုံမှန်ဟု ဆိုရမည်။

ဆယ်ကျော်သက်ကောင်လေး၏ မေးသည် ကောင်မလေး၏ ဆံနွယ်များထက် တင်ထားလျက်၊ မှိန်ဖျဖျမီးရောင်အောက်တွင် သူ့နှုတ်ခမ်းထောင့်များက မည်သူမျှ သတိမထားမိနိုင်သည့် အပြုံးတစ်ခုကို ကွယ်ဝှက်ထားပြီး၊ သူ့မျက်ဝန်းများမှာ အနည်းငယ် ယစ်မူးနေသဟန်။

သူမ ကိုယ်လေးကို အားကုန် ပွေ့ဖက်ထားရင်း ထိုနွေးထွေးနူးညံ့မှုတို့၌ ပျော်ဝင်နေစဉ် သူ့အင်္ကျီမှတစ်ဆင့် ရင်ဘတ်ကို လာရောက်ရိုက်ခတ်နေသည့် သူမ၏ ထွက်သက်ဝင်သက်လေညှင်းညှင်းလေးကို ခံစားနေရသည်။ သူ့လက်မောင်းများအကြားတွင် သူမကိုယ်ငယ်လေး ပျောက်သွားသည်အထိ ဤကဲ့သို့ ဖက်ထားရခြင်းက သူ့စိတ်ထဲရှိ ရှင်းပြရခက်ခဲသော သည်းမခံနိုင်မှုတို့ကို သက်သာစေသည်။

လေထဲမှ ပြင်းပြလှသော အရက်နံ့တို့ကို ခန္ဓာကိုယ်မှ စုပ်ယူမိသည်ထင်ပါရဲ့။ အရက်တစ်စက်မျှ မသောက်ထားပေမဲ့ မူးနေသည်ဟု ခံစားနေရသည်။

ဒီခံစားချက်က အင်မတန် ထူးဆန်းလှသည်။

တကယ်တော့ သူ ငယ်ငယ်လေးကတည်းက အခြားသူများနှင့် ထိတွေ့ရခြင်းကို မနှစ်မြို့ချေ။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now