Chapter - 56

2.9K 382 5
                                    

Unicode

__ တစ်နေ့မှာ ကိုယ် မင်းကို နောက်တစ်ကြိမ် ပွေ့ဖက်နိုင်ခဲ့ချင်ရုံပါ။

သူ ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ရန် လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူထင်ခဲ့တာက ... သူ ရှင်သန်နိုင်ဖို့ လမ်းစ တွေ့ပြီလို့ပေါ့။

သူမထံသို့ ချဉ်းကပ်နိုင်ဖို့ လမ်းစ လေးပေါ့။

ကောင်ငယ်လေးက သူ့ရင်ခွင်ထဲက မိန်းကလေးကို ဖက်ကာဖြင့် သူမ၏ ပါးပြင်ထက်၊ နှုတ်ခမ်းထောင့်စွန်းလေးများနှင့် သူမရဲ့ ဆံနွယ်စလေးများကို ရောက်တက်ရောက်ရာ သိမ်းကျုံးနမ်းနေသည်။ သူမ၏ မျက်နှာပေါ်မှ ပူပူနွေးနွေး မျက်ရည်စီးကြောင်းမှ အငန်ဓာတ် အရသာကို သူ သိလိုက်သည်။ 

သူ့ နှလုံးသားအဖျားစွန်းဟာလည်း လောင်ကျွမ်းသွားရသည်။

သူမနှင့်ဆိုလျှင် သူက အမြဲတမ်း ကူကယ်ရာမဲ့သွားရသည်။ သူ့ ချပ်ဝတ်တန်ဆာနှင့် ဦးလျှောင်ကို လွှင့်ပစ်၍ လက်မြှောက် အရှုံးပေးရန်သာ တတ်နိုင်တော့သည်။

" မန့်မန့်၊ မင်း မကြိုက်ရင် ကိုယ် နောက်မလုပ်တော့ဘူး။ မင်း ပြောတာကို နားထောင်မယ်။ မငိုနဲ့ ဟုတ်ပြီလား " 

ကျန်းမန့် သူ့ရှပ်အင်္ကျီကို တင်းကြပ်စွာ ဖမ်းဆွဲဆုပ်ထားခဲ့သည်။ 

သူက ခိုကိုးရာမဲ့ပြီး စိတ်ဓာတ်ကျနေခဲ့တာကြောင့် ဒီနေရာမှာ ပုန်းအောင်းကာ ဤကဲ့သို့သော နည်းကို စဉ်းစားနေခဲ့သည်။

သူမ အသံက ဝါးနေသည်။

" အဲ့တာ နာလား "

မန့်မန့်၏ ဆံနွယ်ရှည်တို့ကို လက်ဖြင့်‌ ထိတွေ့နေရင်း သူ၏ ကြမ်းရှနေသော လည်ချောင်းမှ အသံခပ်အုပ်အုပ်ထွက်လာခဲ့သည်။ 

" ... မန့်မန့်၊ ကိုယ် မနာပါဘူး။ လုံးဝ မနာလို့ အလုပ်မဖြစ်ဘူးလေ "

" ငါ အမှန်တိုင်း ကြားချင်တယ် "

ဆယ်ကျော်သက်ကောင်ငယ်လေးက ခဏကြာအောင် တိတ်သွားရသည်။

" အစက နည်းနည်းလောက် နာပေမဲ့ အခု ကိုယ် ဘာမှ မခံစားရတော့ဘူး။ မန့်မန့်၊ စိတ်မပူနဲ့ ဟုတ်ပြီလား "

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now