Chapter - 27

2.5K 340 0
                                    

Unicode

ဒီဇင်ဘာလလယ်တွင် တစ်နှစ်တာ၏ ပထမဆုံးသောနှင်းဦးသည် N မြို့တွင် ကျဆင်းခဲ့သည်။ တိတိကျကျပြောရရင် ဆီးနှင်းတို့နှင့်အတူ မိုးစက်များလည်း ပါခဲ့သေးပါ၏။  

ယနေ့ ညနေပိုင်း အတန်းချိန်ပြီးသွား၍ ကျောင်းမှ အပြန်တွင် တစ်ခါမှ သွားလေ့သွားထမရှိဖူးသော ကျန်းမန့် အိမ်နားရှိ  ရပ်ကွက်သို့ လီဝေက သူမနှင့် အဖော်လိုက်ခဲ့ပေးသည်။ ကျန်းမန့် အိမ်လိပ်စာနှင့် အိမ်နံပါတ်ကို တိုက်ကြည့်ပြီးနောက် သူမဘေးက ကောင်လေးကို လှမ်းကြည့်လိုက်သည်။

ကျန်းမန့် စိတ်ပြင်ဆင်ထားပြီးရာမှ သူ ခေါင်းညိတ်ပြသည့်အခါ သတ္တိရှိလာခဲ့သည်။

သူမ လက်ကို မြှောက်ကာ မျက်စိရှေ့ရှိ တံခါးမှ ဘဲလ်ကို နှိပ်လိုက်လေလျှင် များမကြာ ခပ်ကျယ်ကျယ် ကြည်လင်သော ယောက်ျားအသံ ထွက်လာခဲ့သည်။

" ဘယ်သူလဲ "

တံခါးကို ဖွင့်လိုက်ပြီး သူ့အိပ်ငိုက်နေသည့် မျက်လုံးများကို ပွတ်နေရင်းကမှ ကျောင်းဝတ်စုံနှင့် ကျောင်းသားနှစ်ယောက်ကို တွေ့လိုက်ရသည့်အခါ ထိုလူ ကြောင်အသွားခဲ့သည်။ 

" ... မန့်မန့် လား "

ထိုလူသည် ပိုးသားညအိပ်ဝတ်စုံအရှည်ဝတ်ထားကာ အရပ်ရှည်ပြီး သန်မာသည့် ပုံပန်းသဏ္ဌာန်ရှိသည်။ သပ်သပ်ရပ်ရပ်ညှပ်ထားသည့် ဆံပင်ပုံစံနှင့် အသွင်အပြင်က စူးရှနေပြီး နဖူးပေါ်ရှိ အမာရွတ်က သူ့ကို အနည်းငယ်ကြမ်းတမ်းသည့်ပုံပေါ်စေသည်။ 

ကျန်းကျီ၏ နွေးထွေးယဉ်ကျေးသော အသွင်အပြင်နှင့် ယှဉ်လျှင် အထင်ကြီးစရာ မရှိသလောက် နည်းသည်။

ကျန်းမန့် ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ဦးလေး ရွှီ "

ထိုလူ၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များရှိနေသော်လည်း သူတို့ကို အထဲဝင်ထိုင်ရန်  ပြုံးလျက်ပင် ဖိတ်ခေါ်ခဲ့သည်။

ရွှီရှန့် သူတို့အတွက် သောက်စရာသွားပြင်သည့်အခါ ကျန်းမန့်က လီဝေကို ဆွဲပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်သွားထိုင်နေလိုက်သည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now