Chapter - 77

1.8K 237 8
                                    

Unicode

နောက်တစ်နေ့ နံနက်ကိုးနာရီအချိန်တွင် မကျေပွဲစစ်ဆေးမှုစတင်ခဲ့သည်။

သုံးနာရီအကြာတွင် ပြည်နယ်အနှံ့မှ ရာနှင့်ချီသော အရွေးချယ်ခံ ကျောင်းသားကိုယ်စားလှယ်များက စာမေးပွဲခန်းမှ အတူတကွ ထွက်လာခဲ့ကြသည်။

ကျောင်းသားအများစုအတွက် ဤနေရာမှာ သူတို့ ခရီးဆုံးမှတ်တိုင်ဖြစ်သည်။ အကြောင်းမှာ သီအိုရီပိုင်း ရမှတ်မြင့်သော ကျောင်းသားများကသာ ဒုတိယနေ့ ညနေပိုင်း စမ်းသပ်စစ်ဆေးမှုကို ဖြေဆိုရန် အခွင့်အရေးရမည်ဖြစ်သောကြောင့်ဖြစ်၏။

ဤ ပြိုင်ဆိုင်မှုစနစ်က အလွန်ရက်စက်၏။ စာမေးပွဲပြီးသည့်ညမှာ ရလဒ်တွေနဲ့ သက်ဆိုင်ရာအဆင့်တွေကို ထုတ်ပြန်ကြေညာပေးပါလိမ့်မည်။ အဆင့်သတ်မှတ်ချက်တွေအရ ဆုအရေအတွက်ကို လူတိုင်း ခန့်မှန်းနိုင်ပါ၏။

ဖြေဆိုရချိန်တစ်ခုနှင့် တစ်ခုကြားတွင် ဟသွားသော အချိန်လုံးဝမရှိ။

နေ့ခင်းပိုင်းတွင် N မြို့ အမှတ် ၁ အထက်တန်းကျောင်း၏ ပုံမှန်အတန်းမှ ပြိုင်ပွဲဝင်ကျောင်းသားများက အင်တာနက်ပေါ်ရှိ အကြံပြုချက်ကောင်းသော ရှုခင်းသာနေရာများသို့ သွားရောက်လည်ပတ်ကြသော်လည်း ရူပဗေဒထူးချွန်အဖွဲ့မှ ကျောင်းသားများတော့ စာရင်းထဲမပါ။

သူ အပြင်ထွက်လည်ပေမဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ပါးဖို့ရာ မတတ်နိုင်သေး။ သူ အပြင်မထွက်ရပြန်တော့ ဟိုတယ်ထဲမှာ ပျင်းဖို့ကောင်းလွန်းသည်။ ထို့ကြောင့် ချန်ကျွင့်က ဟိုတယ် စစ်တုရင်ကစားသည့်အခန်းမှာ အယောင်ဆောင်ဝံပလွေ ရှာတဲ့ကစားနည်းကစားဖို့ အုပ်စုကို အကြံပြလိုက်သည်။

သူတို့ ၂ နာရီ၊ ၃ နာရီလောက်ကစားပြီးရုံရှိသေး လျိုကျစ်ကျွင်း သူတို့ အခန်းတံခါးကို ခေါက်လာသည်။

"ရလဒ်တွေထွက်လာပြီ။"

အားလုံးက တညီတညွတ်တည်း ခေါင်းထောင်ကြည့်မိကြသည်။

တစ်နှစ်ကျော်လောက် ဆက်ငင်ဆက်ငင်ဖြစ်သွားခဲ့ရတဲ့ လျိုကျစ်ကျွင်းက ကျောင်းသားတွေကို မျက်နှာချင်းဆိုင်ရသည့်အချိန် သူ့အသားရေထူထဲတဲ့ မျက်နှာပေါ်မှာ နီနီမြန်မြန်းတောက်ပြောင်နေသည်မှာ နဂိုအမှောင်ကျနေခဲ့သော ရုပ်အသွင်ကို ပိုမို အသက်ဝင်စေသ်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now