Chapter - 60

2.6K 287 4
                                    

Unicode

ညစာစားပြီးနောက်မှာ ကျန်းဟွေ့ဖန်းက ဧည့်သည်များကို ပြန်ပို့ဖို့ စီစဉ်ရင်း အလုပ်ရှုပ်နေတော့သည်။ ထို့ကြောင့် ကျန်းမန့်က ဦးလေးရွှီဆီသို့ သွားနှုတ်ဆက်လိုက်ပြီး လီဝေနှင့် ချန်ဖေးအာကို ခေါ်ကာ ဟိုတယ်မှ ထွက်လာခဲ့သည်။

ချန်ဖေးအာက သူတို့ ချစ်ပြမှုတစ်စီတစ်တန်းကြီးကို မကြည့်ချင်တော့သည်ကြောင့် ဘက်စ်ကားပေါ် တက်ကာ ပြေးတော့သည်။

ကျန်းမန့်က လီဝေ၏ လက်ကို ကိုင်ထားပြီး သူတို့နှစ်ယောက်က ဟိုတယ်၏ လမ်းကြောင်းတစ်ယောက် အတူလျှောက်နေကြသည်။

ဒီနေ့က မီးပုံးပွဲတော်ဖြစ်သည်ကြောင့် အပြင်ဖက်တွင် အလွန့်ကို အသက်ဝင်နေလှသည်။ ခုံးမင်မီးပုံးများကောင်းကင်ယံထက် လွှင့်တက်နေသည်နှင့် အတူ မီးရှူးပန်းများကိုလည်း မြင်နေရသည်။

အရွက်များကြွေလွင့်ပြီးလေသော သဖန်းပင်ရှည်ရှည်တို့မှာ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလျက်သားရှိနေပြီး အပင်ကတုံးဟုပင် ခေါ်နိုင်နေချေပြီ။ ၎င်းတို့မှာ ရွက်သစ်ဖူးလေးများ ဝေဆာလာရန် ရာသီဥတု ပိုနွေးလာသည်ကို စောင့်နေကြတာဖြစ်နိုင်ကောင်းပါ၏။

ကျန်းမန့်က လီဝေ၏ အင်္ကျီလက်အစကို ဆွဲလိုက်သည်။

" ကောင်လေး နင် ဒီနေ့ ညစာလည်း စားခဲ့ပြီ၊ မာကျောက်လည်း ကစားခဲ့တဲ့ အပြင် အနီရောင်စာအိတ်တွေလည်း ရခဲ့တယ်။ ပျော်ရဲ့လား "

သူ စိတ်ရောဂါကုထုံးကို စတင်ခံယူကတည်းက သူပျော်ရဲ့လားဟူသော အမေးမှာ သူမအတွက် နေ့စဉ်လည်ပတ်နေသော ဆောင်တာများကဲ့သို့ပါပင်။ တစ်ရက်မျှ မပျက်ကွက်ခဲ့။

သူနဲ့ အရင်က သဘောတူထားခဲ့သည့်အတိုင်းပဲ ပျော်လျှင် ပျော်သည်၊ ထို့အတူ မပျော်ရင်လည်း မပျော်ကြောင်း သူမကို ပွင့်လင်းစွာ ပြောပြလိမ့်မည်။ သူမကို သူ လိမ်ညာနေဖို့ မလို။

လီဝေက ရိုးသားစွာ ခေါင်းငြိမ့်သည်။

" ကိုယ် ဒီနေ့ ပျော်ပါတယ်၊ အထူးသဖြင့် ... "

ပြောနေရင်း လမ်းမီးတိုင်တစ်ခုအကျော်တွင် သူက ခေါင်းကို ငုံ့လာပြီး သူမကို နမ်းရှိုက်လာသည်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now