Chapter - 34

2.8K 389 23
                                    

Unicode

-- " မင်းလက်ခံလိုက်လား "

လီဝေ၏ အလျင်စလို မေးလာသော စကားကို ကြားပြီး ကျန်းမန့် အံ့အားသင့်သွားသည်။ တစ်အောင့်နေမှ သူ ချင်ရွိုက်အကြောင်းပြောတာဖြစ်နိုင်သည်ဟု ကျန်းမန့် ခန့်မှန်းမိသွားခဲ့သည်။

ယခုအချိန် သူမ နှလုံးသားက မြန်မြန်ဆန်ဆန်ပြိုလဲလာနေသည်။

သူ့ရဲ့ မျက်လုံးများက နီရဲနေပြီး ဆံပင်များကလည်း ရှုပ်ပွနေသလို ကမန်းကတန်းပြေးလာခဲ့သည်မှာ သူမကို ဒီမေးခွန်းလေးတစ်ခု မေးဖို့အတွက်ပဲလား။ သာမန်နေ့တွေမှာ မြင်ရခဲသည့် စိတ်မရှည်မှု၊ အလိုမကျမှုတို့ဖြင့် ပြည့်နှက်နေသော လေသံကိုလည်း ကျန်းမန့် ကြောင်အမ်းအမ်းရပ်နေရင်းက ဖမ်းမိလိုက်ပါသေးသည်။

ပထမဘဝတုန်းကလည်း ကျောင်းဂိတ်ဝမှာ လီဝေ မတ်တပ်ရပ်စောင့်နေခဲ့ပြီး နီမြန်းနေသော သူ့မျက်ဝန်းများနှင့် အသည်းခိုက်အောင် နာကျင်နေရသော ခံစားချက်တို့ဖြင့် သူမကို ဆွဲထားခဲ့တုန်းကအခိုက်နှင့် ယခုအခြေအနေက ဆင်တူပါသည်။

သူမ နှလုံးသားအဖျားကနေကို ဆို့ဆို့နစ်နစ် ခံစားလိုက်ရပေမဲ့ ခါးသီးလှသော အေးစက်သည့် ဆောင်းညချမ်းနှင့် မသက်ဆိုင်ပါသော နွေးထွေးမှုနှင့် ချိုမြိန်မှုတို့ကို ကျန်းမန့် ထိတွေ့မိလိုက်သည်။

__ နောက်ဆုံးတော့ သူမ ရှေ့ဘဝတုန်းကလိုမျိုးပဲ သူ့နှလုံးသားထဲမှာ သူမ အတွက် နေရာရှိလာခဲ့ပြီ။

စိတ်ခံစားချက်များ တလိပ်လိပ်မြင့်တက်လာခြင်းနှင့်အတူ ကျန်းမန့် အသက်ပြင်းပြင်းရှူလိုက်ကာ သူမ လက်ချောင်းထိပ်လေးများကပင် တုန်ရီနေသည်။

ကစားကွင်းပြင်ပေါ် ဖြာကျနေသည့် လရောင်သဲ့သဲ့လေးကဲ့သို့ ပျော့ပျောင်းညင်သာစွာ ရယ်လိုက်မိသည်။

" လက်မခံလိုက်ပါဘူး၊ ငါမှ သူ့ကို မကြိုက်တာ "

ကျန်းမန့် ဆိုလိုက်သည်မှာ စကားလုံးလေးအနည်းအကျဉ်းပါပဲ။ သို့ပေတိ လီဝေအတွက်တော့ ဤစာကြောင်းလေးတို့ဟာ အထက်ကောင်းကင်မှ ချီးမြှောက်မှုအလားပင်။

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now