Chapter - 49

2.3K 303 5
                                    

Unicode

နောက်တစ်ရက်မှာမူ နောက်ဆုံးဖြေရမည့် ရူပဗေဒ စာမေးပွဲရောက်လာခဲ့သည်။ 

သိပ္ပံတွဲဖြစ်သည်ကြောင့် ကျောင်းသားအများစုဟာ အပိုထပ်ဆောင်းရူပဗေဒမေးခွန်းလွှာကို ဖြေရန်ကြိုးစားကြသည်။ နာရီဝက်စောပြီး အဖြေလွှာအပ်ခဲ့သည့် ကျန်းမန့်က အတန်းထဲကို စောပြန်သည့် ကျောင်းသားအုပ်ကြီးထဲ ပါသွားခဲ့သည်။

သူမ အဖြေစာရွက်အပ်ပြီးသည့်နောက် ဖြေဆိုသူတစ်ယောက်ပြီး တစ်ယောက်လည်း အပြီးအစီးလက်စသတ်ကာ အတန်းထဲကို ပြန်ကြသည်။

ကျောင်းသားတိုင်း၏ မျက်နှာဟာ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေပြီး တချို့ကျောင်းသားတို့ကမူ စာဖြေခန်းထဲမှ ထွက်သည်နှင့် မေးခွန်းလွှာကို ပွင့်လင်းရဲတင်းစွာဖြင့် ပယ်ပယ်နယ်နယ် စုတ်ဖြဲကာ အမှိုက်ပုံးထဲ ပစ်ထည့်ကြသည်။

လူတိုင်းဟာ နှစ်ကုန် ဆောင်းရာသီပိတ်ရက်ရှည်ကြီးအကြောင်း ကျီကျီကျာကျာ ပြောနေခဲ့ကြ၏။

" နောက်ဆုံးတော့ ကျွတ်ပြီဟေ့။ ဆောင်းရာသီပိတ်ရက်စပြီ။ သိပ်ကောင်းတာပဲ။ အိမ်ပြန်ပြီး Red Alert သွားဆော့တော့မယ် "

" ညကို ကေတီဗွီသွားမလား။ ဒီနေ့ သန်းခေါင်ကျော်အထိ မပျော်ရမချင်း ငါ သေချာပေါက် အိမ်မပြန်ဘူး "

" ညဉ့်နက်အထိ? လျိုချန်၊ မင်းအဖေ ရိုက်မှာ မကြောက်ဘူးလား "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လောင်ဇစ်က ပိတ်ရက်ရပြီလေ။ သူက ဘာလုပ်နိုင်မှာလဲ "

ဤအထက်တန်းကျောင်းသားများသည် စာသင်နှစ်တစ်ခုလုံး အကွပ်အကြပ်ခံခဲ့ရသည်။ သူတို့အတွက် အားလပ်ရက်ဆိုသည်မှာ အောင်ပွဲခံထိုက်သည့် အရာတစ်ခုဖြစ်ပါ၏။

ကျောင်းသား ကျောင်းသူတွေအားလုံးက ဝမ်းပန်းတသာဖြစ်နေပေမဲ့ ကျန်းမန့်အတွက်တော့  ထိတ်လန့်နေလျက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။

သူမ ထို အီးမေးလ်တစ်စောင်လုံးကို သေချာဖတ်ခဲ့သည်။ ရုတ်တရက် သူမ အရင်ဘဝကကဲ့သို့ပင် သူ့ကို တကယ့် တကယ် ဆုံးရှုံးသွားရတော့မည်ဆိုသော ခံစားချက်တစ်ခု ရနေသည်။ 

(Completed) An Encounter With Your Younger Self (Myanmar Translation)Where stories live. Discover now