အပိုင်း(၁)

44.7K 1.3K 12
                                    


ခမ်းနားလှတဲ့ အဖြူရောင်နှစ်ထပ်တိုက်ကြီး၏ အပေါ်ထပ်။

အခန်းပေါင်းများစွာ ထည့်သွင်းတည်ဆောက်ထားသော အဖြူရောင် နှစ်ထပ်တိုက်ကြီး၏ အရှင်သခင်က အငြိမ်းစားအရာရှိဟောင်း ဦးဘုန်းမောင်( Two Brothers construction )အမည်ရ အထင်ကရ ဆောက်လုပ်ရေး လုပ်ငန်းစုကြီး။ လူကုံတံတို့ နေထိုင်ရာ ဆိတ်ငြိမ်ရပ်ကွက်၊ ကျယ်ပြန့်လှသော ဝန်းခြံကြီးနှင့် စေတနာမေတ္တာကြီးမားလှသော အငြိမ်းစားအရာရှိကတော်ကြီးဒေါ်မေကြည်ဟန်။

တိတ်ဆိတ်သော ပတ်ဝန်းကျင်၊ နေသာသော နေ့လည်ခင်းအချိန်အခါ ၊ အပေါ်ထပ် Hall ခန်းမသဖွယ် စာအုပ်စင်ဗီရိုများစွာတည်ရှိသော ဦးဘုန်းမောင်၏ စာကြည့်ခန်း၊ ငယ်စဉ်ဘဝ အမှတ်တရပစ္စည်းများ ထားရှိရာ ပြတိုက်ငယ် ၊ မေ့မရပါသော ကျေးဇူးကြီးတွေရဲ့ သက််မဲ့ပုံကားချပ်တွေကို ထားရှိရာ နေရာ စသော ခန်းနားကြီးကျယ်လာသော ဟောခန်းမကျယ်ကြီး။ အိမ်ကြီးရှင်အမိန့်ခွင့်ပြုချက်မရှိဘဲ မည်သူမှဝင်ခွင့်မရသောနေရာ ။

ယခုတော့ ငြင်းဆန်ခြင်းတွေ၊ အော်ဟစ်ဆူပူခြင်းတွေဖြင့် ပူလောင်စေမယ့် ဝန်းကျင်ငယ်။

" ကြည့်လုပ်ပါအုံး ဖေဖေ ၊ ကျွန်တော်က အဲ့ဒီ ဒုက္ခိတ ကိုလက်ထပ်ရမယ်တဲ့လား "

" မင်းစကားကို ကြည့်ပြော ပြေ့ဘုန်းမာန်..."

" No...ကျွန်တော်လက်မခံနိုင်ဘူး ၊ ကျွန်တော် မိသားစုရဲ့အဝေးမှာ  ၇ နှစ်ကျော်ကြာ ကြိုးစားတည်ဆောက်လာတဲ့ ခုလိုအခြေအနေက အဲ့ဒီဒုက္ခိတကို လက်ထပ်ဖို့မဟုတ်ဘူး ဖေဖေ "

" မင်းစိတ်သဘောနှင့် မင်းဆုံးဖြတ်တာလေ ၊ ငါက သွားခိုင်းသလား ဟမ် "

" ဟာ...ဖေဖေ ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်တော်က ဖေဖေ့သား နော် ၊ သားတစ်ယောက် အောင်မြင်တာကို လက်ခုပ်မတီးပေးနိုင်တဲ့အပြင် ကိုယ့်သားကို အဲလိုဒုက္ခိတနဲ့ ပေးစားရသတဲ့လား ...ဗျ! "

" မင်း.....လူစကားပြော ၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်ဆိုပြီး ငါကို အာခံဖို့ မစဉ်းစားနဲ့ !!"

" ဖေဖေကြိုက်သလို သတ်မှတ်လိုက်ပါ ၊ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သူ့ကိုလက်မထပ်နိုင်ဘူး "

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာHikayelerin yaşadığı yer. Şimdi keşfedin