မနက်၉နာရီအချိန် ခြေတံရှည်အိမ်ရဲ့ မီးဖိုခန်းတွင် ငရုတ်သီးညှော်နံ့များဖြင့် အသက်ဝင်လျက်ရှိသည်။နှာခေါင်းကို လက်နဲ့အုပ်လျက် ဒယ်အိုးထဲမှာရှိနေသော ငါးခြောက်နဲ့ ငရုတ်သီးမှုန့်အား သဝဏ် ယောက်မနဲ့ မွှေနေသည်။
တောရွာမှာတော့ ဒီအချိန်ထိ ထမင်းဟင်းချက်နေတယ်ဆိုတာ မရှိသလောက်ပင်။လယ်ထဲယာထဲဆင်းကြသူများဖြစ်တာကြောင့် မနက်၆နာရီလောက်ဆိုရင်ကို အပြီးအစီးကျက်ပြီ။
အဘနဲ့အမေအပြင် ထမင်းဟင်းချက်မယ့်အစား ယာထဲကိုသာပျော်သော ညီမဖြစ်သူ အတွက် သဝဏ်ကပဲ မနက်၊နေ့လယ်၊ ညစာအထိချက်ပြုတ်ပေးရသည်။ကျန်ရက်တွေဆို ဒီအချိန်က ရေခပ်ရမယ့်အချိန်ဖြစ်သော်လည်း သူမီးဖိုခန်းထဲက မထွက်ရသေး။ကြော်လှော်ပြီးသော ငါးခြောက်တို့ကို ဇလုံထဲအရင် အအေးခံလိုက်သည်။ထို့နောက် ဖုတ်ထားတဲ့ ဆိတ်သားခြောက်တို့ကို ငရုတ်ဆုံဖြင့် မွနေအောင်ထု၏။တူးတဲ့နေရာလေးတွေကွာပြီး ဝါးလို့အဆင်ပြေတဲ့အနေအထားလေးတွေကို သန့်ရှင်းထားသော ကော်ဘူးထဲ စီထည့်ပြီးမှ အပေါ်က ဆီစမ်းလိုက်သည်။
နေမြင့်တဲ့အချိန် မီးဖိုနားကပ်နေရသောကြောင့် သဝဏ်ရဲ့ ကိုယ်မှာ ချွေးစို့နေသော်လည်း ပင်ပန်းတဲ့ပုံမပေါ်။သူ့နှုတ်ခမ်းတွင် အပြုံးဖြင့် စားသောက်ဖွယ်ရာများကို စေတနာအပြည့်ထည့်ထားသည်။
နောက်ဆုံး ဆိတ်သားခြောက်တစ်ဘူးနဲ့ ငါးခြောက်ကြော်တစ်ဘူးကို အဖုံးပိတ်ပြီး ခြင်းတောင်းထဲ ထည့်သည်။နှဖူးကချွေးတို့ကို အင်္ကျီလက်နဲ့သာ ဖိသုတ်ပြီး ထင်းမီးဖိုအား ငြိမ်းသတ်လိုက်သည်။ထို့နောက် ခြင်းတောင်းကိုဆွဲလျက် ခပ်သွက်သွက်ခြေလှမ်းလေးများဖြင့် တစ်ယောက်သောသူဆီ ဦးတည်လျက်။
"ဗျို့ အစ်ကိုသဝဏ်...ရေးကြီးသုတ်ပျာနဲ့ ဘယ်တုန်း"
ရွာလမ်းမပေါ် အဖြတ် ဝါးခြံစည်းရိုးကာထားသော ပျဉ်ထောင်အိမ်ကြီးရှေ့မှ ထွက်လာသောအသံ။သဝဏ်လှမ်းကြည့်လိုက်တော့ မိုးသောက်က နွားစာကျွေးရင်း လှမ်းအော်နေခြင်းဖြစ်သည်။
မိုးသောက်မှာ အပေါ်အင်္ကျီမပါ၊ ပုဆိုးကို ခပ်တိုတိုဝတ်ထားပြီး ညိုစိမ့်သော သူ့အသားပေါ်မှာ ချွေးတို့ရွဲနေသည်။သဝဏ်လက်ထဲက ခြင်းတောင်းကို မြှောက်ပြလိုက်ပြီး
YOU ARE READING
ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်