Ep-22(Zawgyi)

2.1K 73 0
                                    



ရေလှိုင်းကို လူနာဆောင်ရွေ့ပြီးချိန်အထိ သတိမရသေးတာကြောင့် လိုအပ်တာယူဖို့ အိမ်ပြန်လာလိုက်သည်။ဆေးရုံမှာရက်ကြာအုံးမှာဖြစ်လို့ အဝတ်အစားနဲ့ ပန်းကန်အနည်းငယ်၊ဓာတ်ဘူး၊ဓား၊ရေခွက် စသည့်လိုအပ်တာအကုန် ခြင်းတောင်းထဲ ကောက်ထည့်လိုက်သည်။

သူသတိရလာရင် ဘယ်သူမှမရှိဘဲဖြစ်နေမှာစိုးတာကြောင့် အမြန်ထွက်သွားဖို့ ပြင်ပြီးမှ သွေးတွေပေနေတဲ့ ကိုယ့်အင်္ကျီကို သတိထားမိသည်။စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ ဒူးကို ပုဆိုး'မ'ကြည့်လိုက်ချိန် အညိုအကွင်းလိုက်နေရာမှာ သွေးတွေခြောက်တောင်နေပြီ။အဲ့ဒါတွေ ရေနဲ့အရင်ဆေးချပြီးမှ အဝတ်အစားလဲကာ ဆေးရုံကိုအမြန်ထွက်လာခဲ့လိုက်သည်။

သူ ပြန်ရောက်တဲ့အထိ ရေလှိုင်းသတိမရသေး။ဒဏ်ရာတွေ ဆေးထည့်ထားပြီး ပတ်တီးအဖွေးစားနဲ့ရှိနေသော်လည်း မျက်နှာနဲ့ ပတ်တီးလွတ်တဲ့နေရာတွေမှာ သွေးတွေပေနေတုန်းပင်။ဒါကြောင့် ရေပတ်တိုက်ပြီး အဝတ်လဲထားပေးလိုက်သည်။

လူနာဆောင်မှာ တစ်ယောက်တစ်ခုတင်စီဖြစ်ပြီး ဘေးကနေ ပတ်ပတ်လည်လိုက်ကာလေးတွေကာထားပေးသည်။လူနာခုတင်ဘေးမှာ သစ်သားစားပွဲတစ်ခုနဲ့ ထိုင်ခုံရှည်တစ်ခု။တခြား ခုတင်က လူနာစောင့်တွေရဲ့ မေးထူးခေါ်ပြောစကားသံတချို့ပြန့်လွင့်နေသည်။မိုးသောက်ကတော့ လိုက်ကာမဖယ်ဖြစ်။ဒီလိုကျဉ်းကျဉ်းလေးနဲ့အကုန်ကာထားပြီး ရေလှိုင်းကိုပဲကြည့်နေမှ သူဆေးရုံမှာရှိနေတယ်ဆိုတာကို မေ့ဖျောက်နိုင်မှာဖြစ်သည်။

ထိုင်ခုံရှည်မှာ ထိုင်လိုက်ပြီး နှဖူးက ပတ်တီးအပေါ် လက်တင်ရင်း လွန်ခဲ့တဲ့နာရီပိုင်းလောက်က ထိတ်လန့်စိတ်ကို အမှတ်ရမိသည်။ဆေးအပ်တန်းလန်းနဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လျှက်ပါးပြင်နဲ့ထိကာ မျက်ရည်ကျမိပြန်သည်။

အချိန်ဘယ်လောက်ကြာနေပြီဆိုတာ မသိတဲ့အထိ ရေလှိုင်းလက်ဖဝါးကိုဆုပ်ကိုင်ရင်း ခုတင်ပေါ် မျက်နှာ မှောက်နေလိုက်သည်။

"မိုးသောက် "

တိုးညင်းတဲ့ခေါ်သံနောက်မှာ သူခေါင်းကို ဆတ်ခနဲထောင်ကြည့်တော့ ရေလှိုင်းသတိရနေပြီဖြစ်သည်။ခေါင်းအနည်းငယ်ကြွကာ မျက်လုံးတင်အောက်ကို စိုက်ပြီးလှမ်းကြည့်နေသည်။မိုးသောက် အမြန်ထလိုက်ပြီး

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now