Ep-14(Unicode)

6.7K 780 54
                                    







ရွှန်းက ရွာမှာ တစ်ပတ်ကြာအောင်နေပြီးမှ ပြန်တာကြောင့် တစ်ပတ်လုံး ဇိုင်းက သဝဏ်အိမ်မှာ ညလာအိပ်သည်။ပထမဆုံးရက်က ဒူးခိုက်မိပြီးနောက်ရက် ဆော့ဖို့စကားမဟကြတော့သလို လူလည်းမစုံတော့ပေ။

ရွှန်းက ယွန်းသော်တာနဲ့သာ ရွာထဲလျှောက်လည်ပြီး ဇိုင်းကလည်းသူ့ဆီကို အိမ်မယ့်အချိန်မှသာရောက်လာတတ်သည်။တစ်ပတ်လုံး စကားတစ်ခွန်းမှလည်းမပြော။ဒါပေမဲ့ မနက်ခင်းမှာ သဝဏ်ပြင်ပေးတဲ့ မနက်စာကို ငြိမ်ငြိမ်လေးထိုင်စားနေတာကိုက သဝဏ်အတွက် ပီတိဖြစ်နေတာ။

ရွှန်းပြန်မယ်ဆိုတော့ ကားလမ်းအထိ လိုက်ပို့ကြသည်။ ဇိုင်းနဲ့ရေလှိုင်းမှာ ဆိုင်ကယ်ရှိပေမယ့် သူမက လှည်းစီးချင်သည်ဆိုသောကြောင့် သဝဏ်နဲ့ယွန်းပါ အတူလိုက်ပို့လို့ရသည်။
ရေလှိုင်းအိမ်ကနေ လှည်းယူလာပြီး ယွန်းသော်တာနဲ့ ရွှန်းက တစ်ဖက် ဇိုင်းနဲ့သူကတစ်ဖက် မျက်နှာချင်းဆိုင်။

မိုးသောက်က ဗိုက်ခွဲထားတဲ့အနာမကျက်သေးတာကြောင့် လှည်းစီးလို့မရသေးပေ။ထို့ကြောင့် လူမစုံသလို ဇိုင်းနဲ့လည်းအခုထိ စကားမပြောကြသေးဘူး။မိုးသောက် ဆေးရုံတက်တော့ ဇိုင်းတစ်ခါမှလာမကြည့်တာ သဝဏ်သတိထားမိသည်။

ပုံမှန်ဆို မိုးသောက်က ဒီလိုအေးစက်တတ်သူမဟုတ်။ ရေလှိုင်းနဲ့ နေ့တိုင်းရန်ဖြစ်ပေမယ့် တစ်ရက်လောက်မျက်နှာချင်းမဆိုင်ရရင်ကို သူ့မှာ မနေနိုင်မထိုင်နိုင်။ ဇိုင်းနဲ့ကျ ကွဲပြားသည်။တစ်ခါလေးစကားများလိုက်တာ လုံးဝအေးစက်သွားတာပဲ။

ဇိုင်းကတော့ သူ့ပင်ကိုယ်ဗီဇကိုက မကြည်တော့ရင် ပြတ်သားတာကို သဝဏ်ကိုယ်တိုင်လက်တွေ့ကြုံပြီးသားဆိုတော့ ဒီလိုမခေါ်တာ မထူးဆန်းပေ။

စပါးရိတ်သိမ်းထားတဲ့  လယ်ကွင်းကို ကြည့်ရင်း လှည်းကိုလည်း လက်နဲ့တင်းတင်းဆုပ်ကိုင်ထားရသည်။တော်ကြာလှည်းဆောင့်လို့ ယိုင်သွားတဲ့အခါ ဇိုင်းကိုသွားထိမိရင် ပြုံးနေတဲ့အပြုံးလေး ပျောက်ကွယ်သွားမှာ မလိုလား။

ကားလမ်းမကိုရောက်တော့ ယွန်းက အားလုံးကို လက်ပြနှုတ်ဆက်ပြီး ရေလှိုင်းကျမှ ဖက်မယ်လုပ်လို့ လှည်းကိုပတ်ပြေးနေလေသည်။ရွှန်းကလည်း ရုပ်တည်တည်နဲ့နောက် ရေလှိုင်းကလည်း ရှက်ပြီးပြေးနဲ့ ပြန်ခါနီးကို စပြီးရယ်နေကြသေးတာ။
သူတို့ရပ်နေတဲ့ လမ်းဘေးကို ကားတစ်စီးလာရောက်တော့မှ  ရွှန်း လိုက်နေရာကနေ ရပ်လိုက်သည်။ထို့နောက် လှည်းပေါ်က ကျောပိုးအိတ်ယူပြီး သူတို့အားလုံးကိုလက်ပြလျက် ကားပေါ် တက်သွားသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now