Ep-25(Zawgyi)

1.8K 66 0
                                    




မိုးအအေးဓာတ်ကျန်နေသော မနက်ခင်းဖြစ်သည်။သဝဏ်နိုးလာတော့ ဇိုင်းက ဧည့်ခန်းမှာထိုင်နေတာဖြစ်ပြီး သူ့ကိုယ်ပေါ်မှာ ပေါ့ပါးတဲ့အိမ်နေရင်းဝတ်စုံသာရှိသည်။

"အလုပ်မသွားဘူးလားဇိုင်း"

"ဟုတ်တယ် အစ်ကို ၊ခေါင်းသိပ်မကြည်လို့"

အကြောစိမ်းယှက်ဖြာနေသော လက်များက မျက်လုံးကို နှစ်ဖက်လုံးပြိုင်တူပွတ်ရင်းပြောသည်။ ကလေးပေါက်စတွေ အိပ်ရေးမဝရင်လုပ်တတ်တဲ့ အမူအရာလေးကြောင့် သဝဏ်မျက်နှာမလွှဲနိုင်ပေ။ဇိုင်းက ဆိုဖာကနေ ထလာမှ ချက်ချင်းပြန်လှည့်ပြီး ရေခဲသေတ္တာထဲကနေ ရေဘူးထုတ်သောက်လိုက်သည်။

"ကျွန်တော် မနက်စာ ပြင်ထားတယ်"

စားပွဲပေါ်က အုပ်ဆောင်းကို ဖွင့်ရင်းပြောသည်။ ပေါင်မုန့်ကြက်ဥကြော်နဲ့ coffee တစ်ခွက်သာ ရိုးရိုးရှင်းရှင်းဆိုသော်လည်း ပြင်ပေးထားတဲ့ မနက်စာကို ကြည့်ရင်း သဝဏ်ပြုံးရ၏။ဇိုင်းက မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး

"ဈေးအတူတူသွားရအောင် အစ်ကို "

မနေ့ညက အဖြစ်အပျက်တို့ မရှိခဲ့သလို တက်ကြွနေသော အသံနဲ့ သဝဏ်မျက်နှာကို ပြုံးပြုံးလေးကြည့်ကာမေးသည်။

"စားချင်တာရှိလို့လား"

"မဟုတ်ဘူး ဒီအတိုင်း အစ်ကိုနဲ့အတူသွားချင်လို့၊ ချင်းတောင်းဆွဲပေးမယ်လေ"

သဝဏ်ခေါင်းညိတ်ပြရင်း မနေ့ညက စိတ်မကောင်းဖြစ်ခဲ့ပေမယ့် ဒီမနက်က အရင်နေ့တွေထက်ပိုပြီး သာယာတဲ့မနက်ခင်းဖြစ်သည်ဟု မှတ်ချက်ပြုမိသည်။

......

မနက်၈နာရီကျော်မှာ မိုးအုံ့နေသောကြောင့် နေရောင်မမြင်ရသေးပေ။
သဝဏ်တို့ပြောင်းလာတဲ့ အိမ်နဲ့ဆို ဈေးက ၁၅မိနစ်လောက်သာလမ်းလျှောက်ရတာ ဖြစ်ပေမယ့် အရင်က စက်ဘီးယူသွားလေ့ရှိသည်။ တစ်ယောက်တည်း ဈေးချင်းတောင်းကိုင်ပြီး လမ်းလျှောက်ရတာ နည်းနည်း အနေခက်တာကြောင့် ။

ပိုဆိုးသည်က သဝဏ်တို့ လမ်းကြားထဲမှာ အမျိုးသမီးဘော်ဒါဆောင်ရှိပြီး ထိုရှေ့ကနေ သဝဏ်ဖြတ်သွားတာမြင်တိုင်း  မိန်းကလေးတွေက ပြတင်းပေါက်ဖွင့်ပြီးလှမ်းစကြသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now