Ep-31(Zawgyi)

1.9K 57 1
                                    




နှဖူးပေါ်မှ ညင်သာသည့် အနမ်းတစ်ပွင့်ကြောင့် အိပ်မက်ထဲကနေ လက်ရှိအချိန်ကို သဝဏ်ရောက်ရှိလာသည်။ အမြင်အာရုံပွင့်ပွင့်ချင်း အရင်းနှီးဆုံးသောသူ၏ မျက်နှာကို မြင်ရ၏။

သူက ခုတင်ဘေးမှာ ဒူးတစ်ဖက်ထောက်ထိုင်ချရင်း သဝဏ်မျက်နှာကိုငေးကြည့်နေသည်။ မနက်ခင်းနေရောင်အတိုင်း နွေးထွေးတဲ့ အပြုံးတစ်ပွင့်က သူ့ရဲ့ ယောကျာ်းဆန်သော မျက်နှာထက်တွင် နေရာယူလျက်

"မောနင်း အစ်ကို "

"အစောကြီး နိုးနေတာလားဇိုင်း"

စပ်နေသော မျက်လုံးကို နှစ်ချက်မျှပွတ်ရင်း သဝဏ်မေးလိုက်တော့ ခပ်ဟဟရယ်သံတစ်ခုနဲ့ ခေါင်းပေါ်ရောက်လာတဲ့ လက်တွေ။ သုံးနှစ်ငယ်တဲ့ဒီကောင်လေးက အခု သဝဏ်ကို ကလေးလိုဆက်ဆံနေတာလား?

" အစ်ကိုအတွက် မနက်စာပြင်ပေးချင်လို့ ၊ နောက်ပြီး ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့လေ ကျွန်တော် အစ်ကို့ကို ခေါင်းလျှော်ပေးမယ်"

"အဲ့ဒါ အဖိုးအဖွားတွေမှ လုပ်ပေးရတာမလား"

ဇိုင်း မဖြေသေးခင် သဝဏ်မှ မျက်လုံးလေးထောင့်ကပ်ကာ

"မင်း ငါ့ကို အဖိုးကြီးလို့ သတ်မှတ်ထားတာလား"

ခေါင်းပေါ်ကလက်တွေက ဆံနွယ်ကြား တိုးဝင်လာပြီး ဇိုင်းဆီက ရယ်သံထပ်ကြားရသည်။ထို့နောက် "အစ်ကိုကတော့ ဗျာ"ဟုသာဆိုကာ စကားနိုင်မလုချင်သည့်ဟန်။

ချစ်သူရည်းစားတွေလို ကျီစယ်တာရယ်လို့ခေါင်းစဉ်တပ်မရသော်လည်း ဇိုင်းနဲ့ ဒီလိုလေးတွေပြောရတာ သဝဏ်ပျော်သည်။ထိုအချိန်တွေမှာဆိုရင် ဇိုင်းရဲ့ ပေါ့ပါးနေသည့် လူငယ်တစ်ယောက်အသွင်ကို အပြည့်အဝ မြင်ရသလို မိမိအပေါ် ရင့်ကျက်နေသည့် သူတစ်ယောက်လိုလည်း ပြုမူတတ်သေးတာ။

တစ်ခါတလေ သဝဏ်က ကိုယ့်ကိုယ်ကို အငယ်လို့တောင် ခံစားမိတဲ့အထိ ဇိုင်းက ကာကွယ်ဂရုစိုက်မူတွေနဲ့ အရိပ်တကြည့်ကြည့်နေသည်။

တောင်းတခဲ့ရသော ကြင်နာသူဆီက ဒီလိုအပြုအမူလေးတွေကြုံရတိုင်း သဝဏ်အတိုင်းမသိပျော်ရသည်။ဘာမှအထွန့်မတက်တော့ဘဲ ရေချိုးခန်းထဲဝင်ကာ အပေါ်အင်္ကျီချွတ်ပြီး အိမ်နေရင်း ဘောင်းအပွတစ်ထည်နဲ့သာ ရေချိုးကန်ထဲ ဝင်နေလိုက်၏။ကြွဘောင်ပေါ် တင်ထားသော သဝဏ်ခေါင်းထံ ဖွဖွလေးနိုမ်နယ်ပေးသော ဇိုင်းရဲ့ လက်တွေမှာ အားမပါ။နှဖူးပြင်တွင် ရိုက်ခတ်နေသော သူ့ အသက်ရှူငွေ့လေးတွေကအစ ခံစားမိအောင်အထိ နှစ်ယောက်သားတိတ်ဆိတ်နေမိသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now