အရင်လို သွက်လက်နေသော သဝဏ်ခြေလှမ်းလေးများက ဒီတစ်ခါမှာတော့ လေးလံစွာ။ဇိုင်းက သူစကားအတိုင်း တည်သည်။သဝဏ်ကိုမြင်တာနဲ့ သူစိမ်းတစ်ယောက်လိုသာ ဆက်ဆံတတ်ပြီး ကျောင်းပိတ်ရက်ပြန်လာရင်တောင် ဆော့ကစားဖို့မဆိုထားနှင့် အိမ်အလည်လာခြင်းတောင်မပြု။အခု ကျောင်းတက်ရက်ပြန်ရောက်လာတော့ အိမ်မှာတောင် မမြဲတဲ့ ဆိတ်သားခြောက်ဟင်းကို သူ့အတွက်ရည်ရွယ်ပြီး သဝဏ်အမြဲ ပိုက်ဆံစုကာ လုပ်ပေးနေဆဲပင်။ သို့သော် ကိုယ်တိုင်ကိုယ်ကျ သွားမပေးနိုင်။မပေးရဲ။
ဇိုင်း ကျောင်းပိတ်ရက်က ယာထဲမှာအလုပ်ပေါနေလို့ တော်သေးသည်။ သူပြန်လာတိုင်း ယာထဲမှာအလုပ်များသည်ဟုဆိုကာ အရီးလေးကို ဆိုင်ကူရောင်းမပေးဖြစ်။ကျောင်းပြန်သွားမှသာ ဆိုင်မှာရောင်းပေးသည်။တကယ်တော့ ယာထဲဆင်းရတာ သိပ်ကိုပင်ပန်း၏။နေပူဒဏ်၊ မျော့တွယ်ရာတွေ အပြင် ပျိုးပင်စိုက်တဲ့အခါ သဝဏ်ရဲ့ လက်သည်းထိပ်လေးတွေပါ ပဲ့ပြီး သွေးထွက်တဲ့အထိဖြစ်သည်။
ညီမဖြစ်သူ ယွန်းသော်တာတောင် ညီးညူခြင်းမရှိတာကြောင့် သဝဏ်လည်း သည်းခံနိုင်၏။ နောက်ပြီး လူပင်ပန်းတဲ့ ဒဏ်ထက် ဇိုင်းမကြည်လို့ စိတ်ပင်ပန်းတာက ပိုဆိုးသောကြောင့် ရှောင်နေခြင်းဖြစ်သည်။မနက် နေရောင်မကျသေးခင်အချိန်မှာ သဝဏ် ပျဉ်ထောင်အိမ်ကြီးရှေ့ရောက်နေသည်။ခြံထဲဝင်လာလိုက်တော့ စဉ့်အိုးနားမှာ ကျောပေးထိုင်နေသော ဒီရေလှိုင်းကိုတွေ့သည်။
"ရေလှိုင်း "
ဂွမ်!
ရုတ်တရက် အနောက်ကနေ ခေါ်လိုက်သော သဝဏ်အသံကြောင့် လက်ထဲက ရေခွက်ပြုတ်ကျပြီး ထခုန်သည်။ထို့နောက် သဝဏ်ကို သေချာမြင်တော့မှ လက်ထဲကမီးသွေးခဲနဲ့ သွားမြန်မြန်တိုက်ပြီး ပလုတ်ကျင်း၊
ကျသွားတဲ့ ရေခွက်ကို ပြန်ကောက်၊ မျက်နှာနဲ့ လည်ဂုတ်ပေါ် ရေတွေတဖြန်းဖြန်းရိုက်ပြီးမှ"စောလှချည်လား အစ်ကိုရ "
"အင်း ငါ အကူအညီတောင်းစရာလေးရှိလို့"
" ဟုတ် ပြောလေ အရေးကြီးလို့လား"
ရေလှိုင်းအတွက် မျက်နှာသုတ် တဘတ်အထူးတလည်မလို ။ပုဆိုးခါးပုံစကိုဆွဲပြီး မျက်နှာသုတ်ကာ ပြန်ဝတ်ရင်းမေးသည်။
သဝဏ် ကော်ဘူးနဲ့ထည့်ထားတဲ့ ဆိတ်သားခြောက်ကြော်ကို ပေးလိုက်ပြီး
YOU ARE READING
ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်