Ending (Zawgyi)

2.2K 70 3
                                    


"ရပြီ"

ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် သဝဏ်နှင့်မိုးသောက် စိတ်လှုပ်ရှားစွာထိုင်နေပြီး အသံကြောင့် လှည့်ကြည့်လိုက်ကြသည်။၆ပေနီးပါးရှိသော အရပ်တွေကြောင့် ခြေမျက်စိလွတ်နေသော ချိတ်ထမီက အပတ်ပြည့်အောင်လည်း မပတ်နိုင်။ဘေးထိဖုံးရမယ့် ထမီအနားက အလယ်မှာရောက်နေသည်။လက်သုံးလုံးမျှ မြင်နေရသော ခါးအထပ်မှာ အင်္ကျီရှိနေပြီး လက်မောင်းသားတွေထင်ထင်ရှားရှားမြင်နေရ၏။

ရေလှိုင်းနဲ့ဇိုင်းက ထိုသို့ဝတ်ထားပြီး ဆိုဖာပေါ်က သူနှစ်ယောက်ကိုစေ့စေ့မကြည့် အပေါ်ကိုမော့ကာ ဟိုကြည့်ဒီကြည့်လုပ်နေသည်။သူတို့နှစ်ယောက် ခန္ဓာကိုယ်နှင့် လိုက်ဖက်နေခြင်းမရှိသော်လည်း သဝဏ်မရယ်ဖြစ်။သဘောကျ၍ပြုံးနေမိရုံသာ။ထိုအချိန် ဘေးနားမှာထိုင်နေသော မိုးသောက်ထံမှ

"စောက်ရမ်းလှတယ်"

"ပါးစပ်ပိတ်ထား"

ရေလှိုင်း၏ ခပ်မာမာအသံနောက် မိုးသောက်ကတော့ လှတယ်ဆိုတာကိုပဲ ဂါထာလိုရွတ်သည်။

"ဒါတွေ ဘယ်အချိန်ထိ ဝတ်ထားရမှာလဲ"

"သီချင်းတစ်ပုဒ်ပြီးရင် "

ရေလှိုင်း မျက်လုံးပြူးလာပြီး

"ငါတို့ကို 'က'ပြဖို့ပြောနေတာလား"

"အေးလေ "

လုပ်ချင်တာသာ လုပ်ဟု ပုံစံဖြင့် ရေလှိုင်းက လက်နှစ်ဖက်မြှောက်ပြသည်။သို့​သော် အင်္ကျီကချိုင်းနေရာတွင် ဆွဲထားသလိုဖြစ်ပြီး သူ့လက်ကအပေါ်အထိမရောက်နိုင်။

"အစ်ကို ဘယ်သီချင်းရွေးရင်ကောင်းမလဲ"

သီချင်းခွေတွေ ကိုင်ထားသော မိုးသောက်က သဝဏ်ဆီယူလာပြသည်။သဝဏ်ကြည့်နေရင်း အများကြီးထဲကမှ ခွေတစ်ခုကိုရွေးလိုက်၏။

"ဒါလေး"

"OK"

သီချင်းအသံထွက်လာတော့ ရေလှိုင်းက မျက်နှာမဲ့သွားပေမယ့် ဇိုင်းကတော့ ဘာမှမပြောဘဲ  ခါးထောက်ကာရပ်နေသည်။

"လှုပ်လေ"

မိုးသောက် လက်ခုပ်တီးရင်း အော်သည်။
သီချင်းက ချိုပြုံးဆိုထားတဲ့ "မေ့အတွေးကမ္ဘာ" ဖြစ်တာကြောင့် ဟန်မူရာ ပိုပိုသာသာလုပ်လို့ကောင်းသည့် သံစဉ်ပင်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now