Ep-28(Unicode)

5.7K 692 14
                                    




မိုးကျထားပြီးခါက အစိုဓာတ်ရှိသော မြေသင်းရနံ့တို့ ပျံ့လွင့်နေသည်။ခြံထဲမှာ မြေလွတ်ရှိသော နေရာတွင် မိုးသောက်၊ရေလှိုင်းနှင့် သဝဏ်တို့ ခေါင်းချင်းဆိုင်ရှိနေသည်။

"ဒီရာသီဥတုက ဒေစီပေါက်ပါ့မလားဟ"

မျိုးစေ့များကို မြေပွပွထဲ စိုက်ရင်း ရေလှိုင်းပြောသည်။သူ့နည်းတူ အတန်းလိုက်လေးညီနေအောင် စီရင်း မိုးသောက်မှ

"ပေါက်ရင်တော့ ခြံထဲလှနေမှာ မပေါက်တော့လည်း တခြားအပင်ထပ်စိုက်လိုက်ပေါ့ကွာ"

"ငါစိုက်တာ အရင်ပေါက်မှာ "

ငယ်ငယ်က အကျင့်တွေအတိုင်း  ပြိုင်ဖို့ စကားစလာသော ရေလှိုင်းက မျက်ခုံးပင့်လျ​က် မိုးသောက်ကိုစိန်ခေါ်သည်။သဝဏ်က သူတို့နှစ်ယောက်ကို ထိုင်ကြည့်ရင်း ပြုံးနေ၏။

"ငါ့အပင်အရင်ပေါက်ရင် မင်းညအိပ်ရမယ် မထင်နဲ့"

"ဟိတ်ကောင်... အစ်ကို့ရှေ့မှာ ဘာတွေပြော"

"ဘာလဲ ... ငါ့ကို တစ်ညလုံး မင်းနှိပ်ပေးရမှာကိုပြောတာဟ "

တစ်ယောက်တစ်ခွန်း အပြန်လှန်ပြောပြီး မတည့်အတူနေနှစ်ယောက်ကို ကြည့်ရတာ မရိုးနိုင်တဲ့ မြင်ကွင်းပင်။သူတို့ကို ဒီလိုမြင်တော့ အရင်ကအဖွဲ့ကျခဲ့တဲ့ထဲမှ ညီမဖြစ်သူကို ပိုသတိရမိကာ သဝဏ်ပြုံးနေတာလေးတောင် ပျောက်သွားသည်။

အဘနဲ့ အမေရော အဆင်မှပြေပါ့မလား

"ကားက ငါ့တို့ခြံရှေ့ ရပ်နေတာမလား"

ခြံတံခါးဘက်မျက်နှာမူနေသောရေလှိုင်းက ကျောပေးထားတဲ့ မိုးသောက်နဲ့သဝဏ်ကိုပြောသည်။သဝဏ်လှည့်ကြည့်ပြီး သေချာမြင်တာနဲ့ ချက်ချင်းပင် ခြံတံခါးဆီအပြေးနှင်သွားသည်။ကားကို မောင်းမသွင်းဘဲ လူအရင်ဆင်းလာတဲ့ သူ့ကို သဝဏ်ပြေးဖက်လိုက်မိ၏။တောင့်တောင့်လေးဖြစ်သွားတဲ့ ရင်ခွင်ကျယ်ကြီးက သဝဏ်တစ်ကိုယ်လုံးကို လွှမ်းခြုံပေးထားသလို။ဖြည်းဖြည်းချင်းပြန်လည်ပွေ့ဖက်လာတဲ့လက်တွေက  ခပ်ဖွဖွ။တစ်ပတ်လို့ပြောသွားပေမယ့် ၄ရက်သာကြာလို့ တော်သေးသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now