တခူးလမှာ အခါရက်ဖြစ်သော သင်္ကြန်အကြိုနေ့အတွက် သဝဏ် အကြိုပန်းအိုးပြင်နေသည်။အချိန်ကား မနက်၆နာရီ။
အချိန်စောသေးသော်လည်း ရွာမှာ ကြီးပြင်းခဲ့ကြသူတွေပီပီ သဝဏ် အကြိုအိုးယူပြီး ဧည့်ခန်းထဲဝင်လာတော့ ရေလှိုင်းနဲ့မိုးသောက်ရော နိုးနေပြီဖြစ်သည်။ပုဆိုးတစ်ထည်နဲ့ ပခုံးပေါ်မှာ တဘက်တစ်ထည်သာရှိသော မိုးသောက်က ခါးထောက်လျက် စကားကိုအော်ပြောနေသည်။သူ့ရဲ့အရှေ့မှာ ရှိနေတာက ဂျင်းဘောင်းဘီ၊ ရှပ်လက်ရှည်အပြင် နှဖူးမှာ ပုဝါအနီစီးထားသော ရေလှိုင်း။
"မင်းကို ဆိုင်ကယ်မစီးရဘူးလို့ ငါပြောထားတယ်လေ"
"ဆိုင်ကယ်မစီးလို့ ငါက မြို့ကိုခြေလျှင်ပတ်ရမှာလား လိုက်ခဲ့ဆိုတော့ကျ မလိုက်ဘဲနဲ့"
"မလိုက်ဘူး မင်းလည်းမသွားရဘူး၊ သင်္ကြန်မှာ ဆိုင်ကယ်နဲ့သွားတာ ဘယ်လောက် အန္တရာယ်များတယ်မှတ်လဲ မူးရူးပြီးမောင်းနေတာတွေနဲ့"
မိုးသောက်က အရှေ့မှ ပိတ်ရပ်နေသောကြောင့် လည်ဖို့ ပြင်ထားသော ရေလှိုင်းက သူ့ရဲ့တိုတိတိဆံပင်တွေကို ကုပ်ကာ အခက်တွေ့နေသည်။သဝဏ် ဝင်ပါလို့မရတဲ့အရာမို့အတာအိုးကို စားပွဲပေါ်တင်ရင်း အကြိုပန်းများ သေချာလေးပြန်ညှိနေသည်။
"ငါ ဖြည်းဖြည်းပဲ မောင်းမှာပါကွာ မင်းကလည်း"
"တော်တော့ ရေလှိုင်း နောက်တစ်ကြိမ်ဆိုတာမျိုး ငါလုံးဝ အဖြစ်မခံနိုင်ဘူး"
လူငယ်တွေဖြစ်သည့်အလျောက် ရွာမှာရှိတုန်းကလည်း ပွဲလမ်းသဘင်ဆိုရင် ထိပ်ဆုံးက ပါတတ်သော နှစ်ယောက်။ယခု မိုးသောက်က စိတ်တူကိုယ်တူ မလိုက်နိုင်တာ ရေလှိုင်းဆိုင်ကယ်မှောက်ထားဖူးတာကြောင့်ဟု သဝဏ်သိထားပြီး ဖြစ်သည်။အသက် အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်ထားတာကြောင့် သူငယ်ချင်းဖြစ်သူကို မိုးသောက်စိတ်မချတာမဆန်းပါလေ။ပြန်ပြောပြချိန်တုန်းကတောင် သူ့မျက်နှာ တော်တော်ပျက်နေတာ သဝဏ်သတိထားမိသည်။
"ဒီတစ်ရက်ပဲလေနော်"
မိုးသောက် ဆက်မပြောဘဲ ရေလှိုင်းကိုသာ စိုက်ကြည့်နေလိုက်သည်။ထိုအခါ မတတ်နိုင်တော့ဘူးဆိုတာ သိတဲ့ ရေလှိုင်းက ဆိုင်ကယ်သော့ကို စားပွဲပေါ် ပစ်ချလိုက်ပြီး
YOU ARE READING
ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်