Ep-20(Unicode)

6.4K 798 59
                                    





ကျောပိုးအိတ်ကို လက်ကဆွဲပြီး စာကြည့်ခန်းရှေ့မှာ ဇိုင်းရပ်နေသည်။ရွှန်းအကူအညီနဲ့ နေစရာရတဲ့အပြင် အခု အလုပ်အတွက် သူမရဲ့ပါးဆိုသူနဲ့ တွေ့ဖို့ကမ်းလှမ်းပေးသည်။သူတို့ဒီအိမ်ကိုရောက်တာ ညနေမှ ဖြစ်ပြီး ညစာစားပြီးချိန်ထိ အကိုနဲ့စကားတောင်မပြောဖြစ်သေး။စီစဉ်စရာတွေကို နေရာချထားဖို့အတွက် စိတ်လောနေမိသည်။

ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ တံခါးခေါက်လိုက်​တော့ ဝင်ခဲ့ဆိုသည့်တုန့်ပြန်သံကြားရ၏။
စာဖတ်ခန်းဆိုတာ သစ်သားစာအုပ်စင်တွေနဲ့ပြည့်နေသည့် အခန်းမှောင်မှောင်ကြီးလို့ထင်ထားသော်လည်း အထင်နဲ့တခြားစီ။နရံတွေမှာ စာအုပ်စင်ပုံစံဖောက်ထားပြီး စာကြည့်လို့ကောင်းမည့် အဝါနုရောင်မီးများ ကောင်းစွာအလင်းပေးထားသည့်အခန်းပင်။အလယ်မှာစားပွဲတစ်ခုရှိနေပြီး ထိုလူရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

သိသိသာသာလှုပ်ရှားခြင်းမရှိဘဲ မျက်မှန်အောက်က မျက်လုံးတွေဟာ  ဇိုင်းထံရောက်ရှိလာသည်။

"ဘာပြောချင်လို့လဲ"

" စီးပွားရေးနဲ့ပတ်သတ်ပြီး ကျွန်တော်လေ့လာချင်လို့ပါ"

အဖြေကို တုန့်ဆိုင်းတာမျိုး မကြိုက်တဲ့သူဆိုတာ ဇိုင်းသိနေတာကြောင့် ချက်ချင်းဖြေလိုက်သည်။ထိုအခါ ရွှန်းရဲ့ပါးက ဖတ်လက်စစာအုပ်ကို အနက်ရောင်ငှက်မွှေးတောင်တစ်ခုနဲ့မှတ်ကာ ပိတ်လိုက်သည်။ရွှန်းကပြောထားပြီးသားဖြစ်သော်လည်း လူကိုတိုက်ရိုက်မေးချင်လို့ အစကနေ မေးနေခြင်းဖြစ်မည်။လက်နှစ်ဖက်ယှက်တွဲလျက် မေးအောက်မှာထောက်ပြီး

"မင်းမှာ ဘာရှိလဲ"

"အတိုင်းတာတစ်ခုထိ ရင်းနှီးမြှုပ်နှံလို့ရမယ့်ငွေ နောက်ပြီး ဖြစ်ချင်တဲ့စိတ်"

ဇိုင်းအဖြေကို ကြားတော့ထိုလူကတစ်ချက်ပြုံးသွားပြီး

"အင်း မဆိုးပါဘူး ဒါပေမဲ့ အဲ့ဒါရှိရုံနဲ့တင်မလုံလောက်သေးဘူး မင်းဝင်ချင်တဲ့ စီးပွားရေးလောကဆိုတာ အလှည့်အပြောင်း၊ကြိုတင်ခန့်မှန်းတွက်ဆနိုင်စွမ်း၊ပြတ်သားတဲ့စိတ်ဓာတ်။အဲ့လိုလက်နတ်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့ မုဆိုးတွေရှိတဲ့နေရာ။တစ်ချက်လေးလိုအပ်သွားတာနဲ့ မင်းက သားကောင်ပဲ"

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now