Ep-21(Unicode)

6.2K 747 56
                                    





အနက်ရောင် ကားလေး ခြံရှေ့ရပ်လိုက်တာနဲ့ အပင်ရေလောင်းနေသော သဝဏ်က ရေပိုက်ကိုချပြီး တံခါးလာဖွင့်ပေးသည်။မှန်ခြားပြီး မြင်နေရတဲ့ မျက်နှာလေးက ရွှင်လန်းလျက် ဇိုင်းကို မမြင်ရဘဲ ကားနောက်ခန်းထဲ လှမ်းကြည့်နေသည်။အရှေ့ခန်းမှာ ကားကို ကိုယ်တိုင် မောင်းတဲ့ ရွှန်းရဲ့ပါး ၊ နာမည်က ဦးဥက္ကာမောင်ဖြစ်ပြီး  တစ်လအတွင်း စီးပွားရေးလောကမှာ ဖြစ်မြှောက်အောင် သင်ပေးနိုင်တဲ့ ကျေးဇူးရှင်ဆိုလည်းမမှား။ သူ့ဘေးမှာ ထိုင်နေတာ ရွှန်းရဲ့ဖေ။ နာမည်က နွယ်လင်းဖြစ်ပြီး ဦးဥက္ကာထက်မလျော့တဲ့ရာထူးဖြင့် လုပ်ကိုင်နိုင်သူ တစ်ဦးပင်။

သူတို့ အိမ်ရှေ့ရောက်တော့ အနောက်မှ အပြေးလေးရောက်လာသော အကိုက ဇိုင်းရဲ့ လက်ဆွဲအိတ်ကို လွှဲယူသည်။သို့သော် ရတယ် ဆိုသည့် ဟန်ဖြင့်လက်ကာလိုက်ပြီး ကိုယ်တိုင်ပဲဆွဲ၏။

အသေးစိတ်ကအစ အကုန်လိုက်လုပ်ပေးနေရအောင် အကိုက အလုပ်သမားမှ မဟုတ်ဘဲ။သူတို့နှစ်ယောက်အတွက် ခိုလုံစရာနေရာပေးထားသော်လည်း ခြံအလုပ်တွေရော အိမ်အလုပ်တွေပါအကုန်သိမ်းကျုံးလုပ်နေတဲ့ အကို့ကို မြင်တိုင်း ဇိုင်း စိတ်ထဲမှာ အလိုမကျပေ။

"ဒီနေ့ ဘာဟင်းချက်လဲ ဟင်"

ကုမ္ပဏီမှာ တည်ကြည်လေးစားရသော အထက်လူကြီးတစ်ယောက်က အိမ်ပြန်လာတဲ့အခါ ကလေးတစ်ယောက် ဗိုက်ဆာနေသလို။ပြားချပ်နေသော သူ့ရဲ့ဗိုက်ကို ပွတ်ရင်း သဝဏ်ဆီ ကပ်မေးသည်။

"ငါးကြော်ချက်နဲ့ ချဉ်ပေါင်ဟင်းရည်၊နောက်ပြီး ငရုတ်သီးထောင်းရောပါတယ် "

"ဝါး...  အခုစားလို့ ရမလား"

" ရတယ် ကိုနွယ် "

အသက်ကွာသော်လည်း ဦးတပ်ခေါ်ဖို့ မဝံ့ရဲတဲ့အထိ ကိုနွယ်က နုသည်။ဇိုင်းနဲ့ ဦးဥက္ကာကတော့  သဘောပေါက်စွာပင် သူတို့အပေါ်ကုပ်ကို ဧည့်ခန်းက ဆိုဖာမှာပဲ တင်ထားလိုက်ကြသည်။အိမ်ထမင်းဟင်းကို နှစ်ပေါင်းများစွာ လွမ်းနေတဲ့ ထိုသူနှစ်ယောက်နဲ့ ဟင်းချက်ကောင်းလွန်းသော သဝဏ်တို့ တွေ့တဲ့အခါ ရေချိုးချိန်ပါ နောက်ဆုတ်ပေးရတော့တာ မဆန်းပါ။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now