Ep-23(Unicode)

6.4K 744 39
                                    





ခါးမှာတဘတ်တစ်ထည်ပတ်ပြီး ခေါင်းသုတ်ရင်း ဇိုင်း ရေခိုးခန်းထဲကထွက်လာသည်။ခုတင်ပေါ်မှာ ခွေနေသော ကျောပြင်ငယ်ကြောင့် ရေချိုးခန်းတံခါးကို အသံမမြည်အောင် အသာလေးစေ့ပိတ်လိုက်သည်။

ညဝတ်အင်္ကျီအမြန်လဲပြီးတာနဲ့ မျက်နှာမူရာ ခုတင်ဘက်သွားပြီး ဆောင့်ကြောင့်ထိုင်လျက် နှဖူးကိုစမ်းကြည့်တော့ လက်ဖျားထိပ်မှာ ခံစားမိတဲ့ အပူရှိန်က ပေါ့သေးသေးမဟုတ်။
ရေဆော့တာကြာသွားတဲ့အပြင် ဦးဥက္ကာတို့နဲ့ ညစာစားတုန်းကလည်း လေတိုက်ထဲမှာ ထိုင်သလိုဖြစ်နေသည်။

ရေဝတ်တစ်ထည်ပြီး တစ်ထည်လဲပေးနေတာတောင် ညဉ့်နက်သည်အထိ အဖျားမကျသေး။မျက်လုံးမပွင့်ဘဲ နှုတ်ခမ်းမှ ခပ်တိုးတိုးညီးညူသံလေးသာထွက်နေသည်။

မနိုးချင်ပေမယ့် ဆေးတိုက်ဖို့လိုတာကြောင့် အိတ်ဆောင် ဆေးကဒ်တွေထဲကနေထုတ်ပြီး ပခုံးကိုထိရုံသာလှုပ်လိုက်သည်။
နိုးတစ်ဝက်သာပွင့်လာသော မျက်လုံးများက ဇိုင်းကို မြင်တော့ လူးလွန့်ထလာ၏။

"အကို ဆေးသောက်လိုက်နော်"

အဖျားရှိန်ကြောင့် လှုပ်ရှားမှုက နှေးကွေးနေတော့ ပခုံးအနောက်ကနေသိုင်းဖက်ပြီး ရင်ခွင်ထဲ မှီခိုင်းထားလိုက်သည်။ထို့နောက် ဆေးပြားကို လက်ဝါးထဲ သေချာထည့်ပေးပြီး ဖန်ခွက်နဲ့အရံသင့်ခပ်ထားပြီးသားရေကို နှုတ်ခမ်းနားတေ့ပေးသည်။ဆေးသောက်ပြီးတာနဲ့ ဇိုင်းရင်ဘတ်ပေါ် ပြန်မှီလာတဲ့အကိုက နုန်းခွေခွေ။

အကို့အသားသည် ထိမိသည့်နေရာတိုင်း နူးညံ့၏။အိစက်၏။အမျိုးသားတစ်ဦးရဲ့ အရိုးအဆစ်ပေါက်ဖြစ်သော်လည်း ညက်ညောသောအသွေးအသားတို့ ဖွဲ့စည်းတည်ဆောက်လေသည်။

အကို့ထံမှ ပြန့်လွင့်လာသော အပူငွေ့လှိုင်းလေးက ဇိုင်းရဲ့အသက်ရှူလမ်းကြောင်းမှာ ကသောကမျောဝင်ရောက်သည်။

နေရတာသက်သာအောင် ခေါင်းကို ပွတ်သတ်နေတော့ အသက်ရှူသံမှန်မှန်လေးနဲ့ ပြန်အိပ်သွားသောအကို။ခုတင်ခေါင်းရင်းကို ကျောမိရင်း ဇိုင်း ခန္ဓာကိုယ်ကလည်း အသက်ရှူရုံကလွဲ နည်းနည်းလေးမှ မလှုပ်။သူလှုပ်လိုက်တာနဲ့ အကိုနိုးသွားမှာစိုးသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now