Ep-30(Unicode)

5.8K 692 26
                                    



တဖြည်းဖြည်း အလင်းရောင်ပျောက်လာတဲ့ ကောင်းကင်ကြောင့် ခြံတံခါးဝကို ကြည့်နေရင်း အမြင်အာရုံ ဝေဝါးလာသည်။

"ငါလိုက်သွားမယ် ရေလှိုင်း"

ပြောရင်း ထသွားတာကြောင့် မိမိလက်တစ်ဆုပ်စာသာရှိသော လက်ဖျံအား လှမ်းဆွဲထားလိုက်ရသည်။

"ပြန်လာတော့မှာပါ အစ်ကို"

"ဇိုင်းက ဘာလုပ်ထားလို့ သူတို့က ဖမ်းတာလဲ ၊ နောက်ပြီး မိုးသောက်ရော ပါသွားတယ် ငါဒီအတိုင်း ထိုင်စောင့်မနေနိုင်ဘူး"

မို့အစ်နေသော မျက်ဝန်းတွေနဲ့ စိတ်ကို တင်းထားသော အစ်ကို မျက်နှာ ကိုကြည့်ရင်း ရေလှိုင်း သက်ပြင်းခပ်ဖွဖွချမိသည်။အဖြစ်မှန်ကိုပြောပြဖို့ကလည်း မဖြစ်နိုင်။ဖုံးကွယ်ထားပြန်တော့လည်း မေးခွန်းတွေရှိနေတဲ့ ဒီမျက်ဝန်းတွေကို ရေလှိုင်း ဘယ်အချိန်ထိ တောင့်ခံနိုင်ပါ့မလဲ။

"အစ်ကို ဇိုင်းကို ယုံတယ်မလား "

ထပ်တိုးဖို့ ပြင်နေတဲ့ခြေလှမ်းတွေရပ်တန့်ပြီး ရေလှိုင်းကိုပြန်ကြည့်လာသည်။ထိရောက်မူရှိတာကြောင့် ထပ်ပြီး

"သူက ဘယ်တော့မှ  ပြုပြင်လို့မရတော့အောင် ပျက်စီးသွားမယ့် လူမျိုးမှမဟုတ်တာ ၊ မိုးသောက်လိုတောင် တဇွတ်ထိုးမလုပ်ဘူး ဘယ်အရာကိုမဆို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တတ်တာ အစ်ကိုလည်းသိတာပဲ "

"ဒါပေမဲ့ ဘာလို့..."

"ပြန်လာမှာပါ "

အခိုင်အမာပြောသော ရေလှိုင်းစကားကြောင့် သဝဏ်ပြန်ထိုင်သွားသည်။အကြည့်တွေကတော့ ခြံတံခါးမှ မခွာ။

ဦးဆောင်ချင်စိတ်ရှိသော ယောကျာ်းတစ်ယောက်ရဲ့ အကြောက်ဆုံးအရာက သူတို့အားနည်းနေတဲ့အခိုက်အတန့်ကို  ချစ်ရသူတွေရှေ့  ချပြလိုက်ရမှာကိုပဲ။

ရေလှိုင်းဒါကို ကောင်းကောင်း နားလည်ပေမယ့် မိုးသောက် တစ်ယောက်တည်း ဆုံးဖြတ်သွားတုန်းက သူလက်မခံနိုင်ပေ။ဘယ်လောက်ထိ အရူးမီးဝိုင်းသလို ပူလောင်နေလဲ သူသာအသိဆုံး။ထို့ကြောင့် အစ်ကိုခံစားချက်ကိုလည်း ရေလှိုင်း ကိုယ်ချင်းစာမိသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now