Ep-26(Unicode)

6.2K 738 40
                                    





ကုမ္ပဏီရဲ့ အစည်းအဝေးခန်းမဆောင်ထဲတွင်  Project တင်ပြလို့အပြီး ရှယ်ယာများ အသီးသီးအခန်းပြင်ထွက်သွားကြသည်။လက်မှတ်ထိုးရန် ကျန်နေသေးသော စာရွက်စာတန်းတွေဖြင့် ခုံရဲ့ ထိပ်ဆုံးမှာ ဥက္ကာမောင်ထိုင်နေပြီး မိမိရဲ့ ညာဘက်ဘေးမှာထိုင်နေသော ကောင်လေးကိုလှမ်းကြည့်မိသည်။

Project အသစ်ကိုခေါင်းငုံ့လျက်သေချာအသေးစိတ်ပြန်စစ်ကြည့်နေသောကြောင့်အနောက်တိုင်း ဝတ်စုံအညိုရောင်ကုတ်အင်္ကျီက ဖြူဖွေးနေတဲ့ လည်ပင်းသားလေးတွေကို ထင်ပေါ်နေသည်။ဘယ်အရာကိုမဆို စေ့စပ်သေချာစွာ လုပ်ကိုင်တတ်ပြီး ဉာဏ်လည်းကောင်းသည်။
ကိုယ်တိုင်သွေးထားပေးတဲ့ ကျောက်ကောင်းလေး တစ်နေ့တစ်ခြား အရောင်တောက်လာတာကိုကြည့်ရင်း ဥက္ကာမောင် ပီတိဖြစ်ရ၏။

အလုပ်ချိန်မှာဆိုသော်လည်း ပွေ့ဖက်ထားချင်စိတ်က ထိန်းမရ။စောစောက အစည်းဝေးမှာ တည်ကြည်တဲ့မျက်နှာလေးကိုဖျက်ခနဲကြည့်မိတိုင်း ကိုယ့်အောက်မှာအသက်လုရှူနေတဲ့ မြင်ကွင်းကို မရင့်ကျက်စွာပင် ပုံဖော်မိသည်။ဘယ်လောက်ပဲ အတူနေတဲ့အကြိမ်ရေများစွာရှိသော်လည်း ကျောက်ဆောင်လိုတည်ငြိမ်တဲ့ သူနှလုံးသားက ဒီကောင်လေးနဲ့ဆိုရင် အမြဲ နုပျိုလက်ဆက်နေဆဲ။ရင်ခုန်မြဲ၊ပြစ်မှားမိဆဲ။

အခုလည်း ခန္ဓာကိုယ်သေးသေးလေးနဲ့ လူကြီးပေါက်စလေးကို ပေါင်ပေါ် ဆွဲပွေ့ပြီး ချက်ချင်းနမ်းရှိုက်ချင်နေသည်။သို့သော် အခန်းထဲမှာ ထွက်မသွားသေးတဲ့ တတိယမြောက်လူထပ်ရှိနေခြင်းကြောင့် ဥက္ကာမျက်မှောင်ကုပ်လျက် လှမ်းကြည့်လိုက်သည်။တည်ကြည်တဲ့ မျက်နှာပေးနဲ့ ခပ်မတ်မတ်ထိုင်နေသော ဇိုင်းဒေဝကို ဘာလဲဟု မေးငေါ့ပြလိုက်တော့

"ကိုနွယ့်ကို အကူအညီတောင်းစရာလေးရှိလို့ "

ကောင်လေးက ချက်ချင်း ခေါင်းထောင်ကြည့်သည်။ ပွေ့ဖက်ချင်နေပြီဖြစ်တဲ့ ဥက္ကာမောင် မျက်နှာမှာတော့ တဖြည်းဖြည်းညှို့မှိုင်းလာတဲ့ တိမ်တိုက်တွေလို။

"အင်း ပြောလေ   ငါ ဘာကူညီပေးရမလဲ"

A4စာရွက်ဖိုင်တွေကို အရှည်လိုက် ထောင်ညှိကာ သိမ်းလိုက်ရင်း နွယ်လင်းပြန်ဖြေသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now