Ep-11(Unicode)

6.2K 794 53
                                    



အဆောင်မှူးတပည့်ကို ဇိုင်းက မျက်မှောင်ကုပ်ကြည့်ပြီး ဘာမှ မပြောခင် သူက ပြန်ထွက်သွားသည်။ အောက်ထပ်ကို ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့မိန်းကလေးတစ်ဦး။
ကျောလည်မှာ ပြန့်ကြဲနေတဲ့ ဆံနွယ်တွေနဲ့ မိုးအေးတဲ့ရာသီဥတုမှာ သူမက လက်တစ်ကိုင်းကြိုး အင်္ကျီကိုသာဝတ်ထားသည်။
စားပွဲပေါ်မှာ မိုးကာအင်္ကျီ၊ဆိုင်ကယ်သော့၊ပိုက်ဆံအိတ်နဲ့ ဦးထုပ်။
ဇိုင်း အနားရောက်သွားတော့ မော့ကြည့်လာပြီး

"ဟိုကောင့် မျက်ခွက်က ဘာဖြစ်နေတာလဲ စပ်ဖြီးဖြီးနဲ့ "

မိုးရွာနေလို့ တခြားအဆောင်သားတွေ  အခန်းထဲမှာသာ ရှိနေကြသောကြောင့် ဧည့်ခန်းမှာ လူရှင်းနေသည်။ဇိုင်းက သူမနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး

"ဘယ်သူလဲ"

"နင့်ကိုလာခေါ်တဲ့ကောင်"

"ဪ အဆောင်မှူးပတည့်"

"မျက်နှာပိုးကိုမသေဘူး ငါ့ကို ကြည့်တဲ့ရုပ်က ယောကျာ်းလေးအဆောင်လာပြီး နှံ့ပြတယ်ဆိုတဲ့အချိုးနဲ့"

ခပ်မာမာအသံကြောင့် ဇိုင်း ပတ်ဝန်းကျင်ကို အနည်းငယ်လှည့်ကြည့်လိုက်သည်။ အနီးနားမှာ သူမစကားကို ကြားမယ့်လူ သူကလွဲပြီး မရှိ။အာရုံ ထားစရာမဟုတ်ပေမယ့် ကိုယ်နေနေတဲ့ အဆောင်ဆိုတော့ ကြားသွားရင်မကောင်းဘူး။

"နင့်ကို ငါ့ကောင်မလေးလို့ထင်နေတာ"

ဇိုင်းစကားကိုကြားတော့ စောစောက သူမျက်မှောင်ကုပ်တာထပ်ပိုပြီး သူမက မျက်ဖြူပါ လှန်ပြသည်။

မြို့ကိုရောက်ချိန် ပထမနှစ်စတက်ကတည်းက ပေါင်းလာတဲ့ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်း ရွှန်းလဲ့ကိုကို။ ရွာမှာကျန်ခဲ့တဲ့ ယွန်းသော်တာလိုပဲ  ပေါ့ပေါ့ပါးပါး စကားပြောလို့ရတဲ့ သူဖြစ်သည်။တချို့လူတွေအမြင်မှာ အထင်လွဲစရာပုံစံဖြစ်သော်လည်း ရွှန်းလဲ့နဲ့သူက ဘော်ဒါ ပေါင်းသာဖြစ်ကြောင်း အထူးတလည်လိုက်ရှင်းပြနေကြသူတွေမဟုတ်။ကိုယ်ပဲသိရင် ပြီးရောဆိုတဲ့ စရိုက်တွေသာ။

နောက်ပြီး ရွှန်းလဲ့က သူစိတ်ထဲ မကျေနပ်နာရှိရင်  အောင့်အီးမထားတတ်။ဘယ်သူ့ရှေ့နေနေ ဂရုမစိုက်ဘဲ ပြောစရာရှိတာ ပြောတတ်သည်။အခုလည်း အဆောင်ထဲက မထွက်ရသေးဘဲ အဆောင်မှူးတပည့်ကို ထရိုက်သတ်ချင်နေသည့်ပုံပင်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now