Ep-16(Unicode)

5.9K 792 89
                                    





၂ရက်ကုန်လွန်ပြီးသော်။မိစုနာရေးလည်းပြီးသွားသလို အလောင်းစစ်ဆေးချက်ကိုလည်း မိစုအမေအပါအဝင်၊သူကြီးနဲ့သူတို့သူငယ်ချင်းအဖွဲ့သာသိလိုက်ကြသည်။မိစုအမေကိုယ်တိုင်က အမူဖွင့်တာမျိုးမလုပ်သောကြောင့် တခြားလူများမှာလည်း ဒီကိစ္စကိုထပ်မဟ။

ရေလှိုင်းကတော့ ချစ်စိန်ဘာပြောလိုက်သလဲဆိုတာ သိပ်သိချင်နေသည်။ဒါပေမဲ့ မိုးသောက်က မပြော။ရေလှိုင်းမေးလိုက်တိုင်း ချစ်စိန်က ချစ်ရူး, ရူးပြီး သူထင်ရာလျှောက်ပြောတာပါလို့သာ ဖြေသည်။မိုးသောက်က ဘာမှမဖြစ်သလို ပုံမှန်နေပေမယ့် တခြားလူတွေထက်ပိုပြီး သူမူမမှန်နေကြောင်း ရေလှိုင်းသိနေသည်။

အောက်မှာဖျာတစ်ချပ်ခင်းထားပြီး ထန်းပင်အောက်မှာ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေသည်။တစ်နေရာကို ငေးကြည့်ရင်း ထန်းရည်ကိုတစ်ခွက်ပြီးတစ်ခွက်သောက်နေသော မိုးသောက်ကို ရေလှိုင်းစိုက်ကြည့်နေ၏။

"မင်း ဘာဖြစ်နေတာလဲ မိုးသောက်"

"မူးနေတာ"

ရေလှိုင်းသက်ပြင်းချသည်။ထို့နောက် နောက်တစ်အိုးမှာဖို့ ပြင်နေသော မိုးသောက်လက်ကို လှမ်းဆွဲလိုက်ပြီး

"များနေပြီ တော်တော့"

"ငါရသေးတယ်"

"ပုံမှန်ဆို ၂ရက်လောက်မှ တစ်ခါသောက်တာ အခု မင်းနေ့တိုင်းသောက်နေတာ ၃ရက်ရှိပြီ ၊ ဘာဖြစ်နေလဲ ငါ့ကိုပြောစမ်းပါ"

"မူးချင်လို့သောက်တာကွာ ငါက မင်းဆီကနေ ပါမစ်ယူရအုံးမှာလား နွားရ "

မိုးသောက် အသံမာလာတာကြောင့် ရေလှိုင်း ဆက်မပြောတော့။အခုက ခွန်းတုံ့ပြန်ပြီးရန်ဖြစ်ရမယ့်အခြေအနေမဟုတ်တာ​ကြာင့် သူ့ကိုသာ ကြည့်မြဲ အတိုင်း ကြည့်နေသည်။ထိုအချိန် တစ်နေရာကို လှမ်းကြည့်ရင်း မိုးသောက် မျက်နှာ တင်းမာသွားတာကြောင့် ရေလှိုင်းလည်း လှည့်ကြည့်လိုက်သည်။

ရွာလမ်းမကနေ တခြားရွာဘက်ကို ထွက်တဲ့လမ်းအတိုင်း မောင်းသွားသောဆိုင်ကယ်တစ်စီး။ ကျွမ်းကျွမ်းကျင်ကျင် မောင်းနေတဲ့ လူက ဇိုင်းဖြစ်သည်။ဇိုင်းက သူတို့နှစ်ယောက်ကို မမြင်။ချိုင့်ခွက်တွေကိုရှောင်ရင်း လယ်ကွင်းကြားကနေ ဖြတ်မောင်းသွားသည်။

ပျိုးရန် ရှိသည့် ပန်းတစ်ပွင့်Where stories live. Discover now