[ part 1 ]

41.8K 420 3
                                        

သန်းခေါင်ယံအချိန်ကျော် မှောင်ရီဝေနေသော လမ်းဘေးထောင့်မှာ ကားအဖြူ တစ်စီး ရပ်ထားလေတယ် ထိုကားထဲ မှာ လူနှစ်ယောက်ထွက်လာကာ

" ကျစ် !! ချိန်းထားတာ အခုချိန်ထိမလာသေးဘူး ငါ့ဒေါသကို စမ်းနေတာလား မသိဘူး ဟျောင့်
မင်းထိုက်မဟော် မင်းချိန်းထားတာ သေချာရဲ့လားကွာ"

အသားခပ်ဖြူဖြူ နူးညံသော ဆံပင်အဖြူရောင်တို့နဲ့ ခန့်ညားသော မျက်နှာထား ရှိသော ယောကျာ်းမှ ဘေးနားက သူသယ်ရင်းကို ကြိမ်း၀ါးနေလေရဲ့
ထိုစဥ် အသားအလယ်လတ် နဲ့ ခပ်ဖြောင့်ဖြောင့် ယောကျာ်း မင်းထိုက်မဟော်က

" အေးလို့ သေချာတာပေါ့ လွမ်းဦးတိုင်စေ ရာ မင်းကတော့ စိတ်ကြီးပဲ ခဏလောက်ပဲ စောင့်ပါကွာ လုပ်ငန်းက အချီကြီးမို့ ငါ့လည်း စိတ်ရှည်နေတာပေါ့ဟ "

" ဟာကွာ ငါ့စိတ်မရှည်တက်တာ မင်းသိတယ်နော်
မဟော် အဲလူလာရင် ငါ့ပြောမယ် မင်း အငြိမ်သာနေကြားလား!! "

"အေးပါကွာ ဦးလွမ်းဦးတိုင်စေ ဒေါသအိုးရယ်"

လွမ်း မှ မဟော် ကို တချက်စောင်းကြည့်လိုက်တယ် မဟော် ကလည်း ပြောင်စပ်စပ်ရီပြနေလေရဲ့ လွမ်း လည်း စိတ်ရှည်စွာဆက်စောင့်နေရင်း ထိုအချိန် အနက်ရောင် Marcidis ကားတစ်စီးမှ လမ်းဘေးထိုးရပ်လိုက်ချိန် ကားထဲမှ အနက်၀မ်းဆက်နဲ့
BodyGuard ထင်ရသူက ကားပေါ်က အရင် ဆင်းလာပြီး ကားအနောက်သွားတံခါးဖွင့်ပေးချိန် အထဲမှ ဆံပင်အဖြူ အသားဖြူဖြူ အရပ်ရှည်ရှည် နတ်သားလေးလို နူးညံ့ကာချောမောလွန်းတဲ့ သူမှ ထွက်လာကာ လွမ်းဦးတိုင်စေ တို့ဆီလျောက်လှမ်းလာလေတယ်

" လွမ်း သူပဲ ငါ့တို့ကို အချီကြီးပေးမဲ့သူပဲ "

မဟော် မှ လွမ်း ကို ထိုသူကို ပြလိုက်ချိန် လွမ်း အကြည့်မှ ထိုလူဆီရောက်သွားလေ့ရဲ့

" ဟက်ခ်!! လာသေးတာပဲ တွေ့ပြီပေါ့ "

" ဟျောင့် လွမ်း စိတ်လျော့ပါကွာ အချီကြီး ပြုတ်ကျသွားအုံးမယ် "

" ငါ့သိတယ် မဟော် ပါးစပ်ပိတ်ထား "

မဟော် တစ်ယောက်တော့ ခေါင်းသာခါရင်း နေပြီး လွမ်းဦးတိုင်စေ ကတော့ ဆေးလိပ်ဗူး မှ ဆေးလိပ်တစ်လိပ်ယူမီးငြိကာ တစ်ချက်ဖွာရင်း ထိုလူကို ကြည့်နေလိုက်လေတယ် ထိုသူမှ လွမ်းဦးတိုင်စေ အနားရောက်လာကာ

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now