" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထား ..."
" တောက်ခ် ...!! ဟာကွာ...!! "
ရှင်းသွေး သူ၏ ဖုန်းကို မြေကြီးပေါ်တွင် ရိုက်ခွဲပစ်လိုက်တယ်..။
" စောက်သုံးမကျတဲ့ကောင်တွေ မင်းတို့ယုံစားပြီး လွတ်မိတာ ငါ့မှားတာ "
တပည့်တွေအကုန်ဟာ ခေါင်းငုံနေရင်း Samuel ဟာ ရောက်လာပြီး
" Boss.. ခြေရာခံဖို့က အတော်စောင့်ယူရအုံးမယ် လွမ်းဦးတိုင်စေ သူဖုန်းကို ဖွင့်မှ ခြေရာခံဖို့က အဆင်ပြေမှာ Boss.. "
" မရရင် ရတဲ့နည်းကို သုံးကွာ မင်းတို့အခုမှ ငပိန်းတွေ လုပ်နေကြတာလား ဟမ် ..!! "
" ဟုတ် Boss ကျနော် သေချာ ထပ်ရှာကြည့်ပါမယ် စိတ်မပျက်စေရပါဘူး ဒါပေမဲ့ ကျနော်အဖို့ အချိန်တော့ ပေးပါ Boss.. "
" ကျစ်...! အေး ပေးတယ် တစ်ပတ် တိတိပေးတယ် တစ်ပတ်ထက် ကျော်ရင် မင်းလက်ချောင်း ဖြတ်ခံရမယ်သာ မှတ်ထားလိုက် Samuel "
" ဟုတ်ကဲ့ပါ Boss "
" သွားတော့ အကုန် သွားတော့...!! "
ရှင်းသွေးလည်း စိတ်ရှုပ်ပူလောင်စွာ အော်ထုတ်မိတယ်...။ ထို့နောက် ရှင်းသွေးလည်း ဆိုဖာပေါ်ပစ်ထိုင်ကာ
" မင်းပြေးလေ ငါ့လိုက်လေဆိုတာ မင်းကောင်းကောင်း သိရက်သားနဲ့ ပြေးတဲ့ သတ္တိ ချီးကျူးတယ် လွမ်းဦးတိုင်စေ ဒီတစ်ခါ မင်းကို မိရင် ငါ့ ဒီထက်ပိုပြင်းတဲ့ ချုပ်နှောင်မှုနဲ့ မင်းကို စမ်းသပ်စေတော့မှာ.... "
ရှင်းသွေး အံကို ကြိတ်ကာ လက်သီးတွေကျစ်ကျစ်ဆုပ်ရင်း ရေရွတ်လိုက်တယ်..။ တဖက်တွင် သူရိယဟာ လွမ်းကို ခေါ်ကာ သူတို့ ရပ်ကွပ်လေးထဲက အိမ်ဆီ ခေါ်သွားလေရဲ့..။ လွမ်းအဖို့ ရပ်ကွပ်တွေ ကြား မရောက်ဘူးတော့ နေရာစုံလျောက်ကြည့်နေကာ အဆန်းကို ဖြစ်နေတယ်လေ..။ မြို့ပြ မြိုကြီးထဲ နေတဲ့ လွမ်းဟာ အခု သူရိယခေါ်လို့ မြို့စွန် ရပ်ကွပ်ထဲကို ရောက်နေပြီ..။ လူနေမှု ထူထပ်ပြီး အချို့နေရာတွေ လွမ်းအတွက် အန်မတက်ဖြစ်စေအောင် ညစ်ပတ်တာတွေလည်း မြင်ရခဲ့တယ် ။ ဒါပေမဲ့ လွမ်းလက်ကို ဆုပ်ကိုင်ထားသော သူရိယ လက်တစ်စုံကြောင့် လွမ်း အရဲစွန့်ကာ လိုက်ခဲ့တယ်..။ သူရိယ ခြံအိမ်လေးဆီ ရောက်တဲ့ အခါ အခြား အိမ်တွေနဲ့ မတူဘဲ သန့်ရှင်းပြီး ခြံထဲ ပန်းပင်ပေါင်းစုံ အရိပ်အပြည့်နဲ့ တောထဲက စိတ်ကူးယဥ်အိမ်လေးလို နေချင်စဖွယ်လေးမို့ လွမ်းကျေနပ်မိကာ ပြုံးမိတယ်။ သူရိယလည်း ခြံတံခါးဖွင့်ကာ

VOUS LISEZ
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။