Part [ 40 ]

2.3K 28 9
                                        

လွမ်းကို ဖက်လိုက်သူအား ဟယ်ရီ မြင်သည့်နှင့် တစ်ပြိုင်တည်း ဟယ်ရီ ဟာမျက်နှာလွဲလိုက်မိတယ်။ ထိုသည်ကို မြင်သော မာန်ချီဟာ ဟယ်ရီ၏ ပခုံးအား အသာဖက်ကိုင်ရင်း

" အဆင်ပြေသွားမှာပါ ဟယ်ရီ....  သူမချစ်ရင်တောင် ဟယ်ရီကို ကိုမာန် အသက်တစ်မျှ ချစ်တယ် ဆိုတာ ဟယ်ရီ ယုံကြည်ပေးပါနော် "

မာန်ချီ သည် ဟယ်ရီ၏ ပါးပြင်လေးအား အသာထိကိုင်ကာ ပြောသောအခါ ဟယ်ရီသည် အသာပြုံးရင်း

" ကိုမာန်မလို့ ယုံကြည်ပါတယ်.. အခုချိန်ထိ ဟယ်ရီ အတွက် ကိုမာန် ရှိနေပေးတယ်..  တကယ်တော့ အဲ့လူ နဲ့ ကိုရှင်းသွေး နဲ့က မတန်ဘူး ဒါပေမဲ့ ကိုရှင်းသွေးက သူမှ သူ ဟယ်ရီ ကိုမှ အစားမထိုးနိုင်တာ.. အဲ့တော့ မချစ်မယ့် အတူတူတော့ ဟယ်ရီပဲ အရှုံးပေးလိုက်တာ ကောင်းတယ် မလား ကိုမာန် "

" ဟယ်ရီ အရှုံးပေးတာ ကောင်းပါတယ်..  ဒါပေမဲ့ သိပ့်တော့ မကောင်းဘူး "

" ဘာဖြစ်လို့လဲ ကိုမာန် "

ဟယ်ရီ သည် မာန်ချီ ပြောသော စကားကြောင့် နားမလည် ဖြစ်ကာ မေးမိတော့

" ဟယ်ရီ ဘက်က အရှုံးပေးလိုက်တာ ကိုယ့်အတွက် အခွင့်ရေး ရသလို ဟယ်ရီ ဘက်က အရှုံးပေးလိုက်တာ လွမ်းဦးတိုင်စေ ဘက်မှာ အနိုင်ရနေပြန်ရော.. အဲ့ဒါကို ကိုမာန် မကျေနပ်တာ.. "

" ဪ ကိုမာန်ရယ်.. ကိုလွမ်းဦးတိုင်စေ ရဲ့ ဘဝ နဲ့ အသည်းကို နင်းခြေပြီးပြီပဲ ဒီလောက်ဆို သူအတွက် လုံလောက်ပြီ ထင်ပါရဲ့... "

" ဒါပေမဲ့ကိုမာန်ရဲ့ ညမလေးက ကွာ တောက်ခ်! "

" ကိုမာန် ဟယ်ရီ ပြောတာကို စိတ်မဆိုးပါနဲ့ တကယ်တမ်း ကိုမာန် ရဲ့ ညမလေးလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သွားလို့ ကိုလွမ်းဦးတိုင်စေက အသာစီးရပြီး လုပ်ချင်တာ လုပ်သွားလို့ ရတာပေါ့ တကယ်လို့သာ အဲ့နေ့က ကိုမာန် ညမလေးသာ ကိုမာန်တို့ကို မလိမ်ဘဲ အမှန်တိုင်းပြော သွားခဲ့ရင် ဒီလို မဖြစ်သင့်တာတွေ မဖြစ်ပါဘူး ကိုမာန်...  ချစ်သော မုန်းစကားကို ဟယ်ရီ ပြောတာမို့ ကိုမာန် ပြန်စဥ်းစားပါ.. အပြင်လူ အနေနဲ့ ဟယ်ရီ ကြည့်ရတာ..  ကိုလွမ်းဦးတိုင်စေလည်း အခုအတော် ရင်နင့်နေပြီ...  လုံလောက်ပြီလို့ပဲ ထင်ပါတယ်...  ပြီးတော့ ကိုမာန်က ကိုလွမ်းဦးတိုင်စေ ကို သက်သေမပါဘဲ လက်စားချေနေတာ သက်သေအရင်ရှာသင့်တယ်လို့ ထင်တယ် ဒါဆို လွမ်းဦးတိုင်စေ ကို သက်ဆိုင်ရာနဲ့ ပြန်စကားပြောလို့ ရမယ် ကိုမာန်...  ဟယ်ရီ အကြံပေးတာပါ.. မမုန်းသင့်ဘဲ အမုန်းမီးပွားနေတာတွေ ဖြစ်မှာ စိုးလို့ပါ... ကိုမာန် လုပ်ရပ် အတော်များများကို ဟယ်ရီ ကြည့်နေမိတယ်..  ဘာလို့ဆို ကိုရှင်းသွေး နဲ့ ကိုလွမ်းဦးတိုင်စေ ဝေးရင် ပြီးရောဆိုပြီးပေါ့..  ဒါပေမဲ့ ဟယ်ရီ ကြည့်လေလေ ဟယ်ရီ မှားနေမှန်း သိလေလေမို့ အခုလို ရပ်တန့်ခိုင်းရတာပါ ဟယ်ရီ ရပ်တန့်ပေးပါ ပြောတဲ့ အချိန် ရပ်တန့်ပေးတဲ့ ကိုမာန်ကို ဟယ်ရီ အများကြီး ကျေးဇူးတင်ပါတယ် အဲ့အတွက် ဟယ်ရီ က ကိုမာန် အပိုင် ဖြစ်သွားပြီး ဆိုတာကို ယုံလိုက်ပါ ကိုမာန်.. ဟယ်ရီ အရင်သွားနှင့်ပြီ "

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Wo Geschichten leben. Entdecke jetzt