ပင်လယ်အား ငေးကြည့်ကာ
" လွတ်လပ်စွာ သွားတော့ မောင်ရေ... "
ပြာအိုးလေးအား ပင်လယ်ထဲ မျောလိုက်ရင်း လွမ်းပြောလိုက်သည်။ ထို့နောက် သောင်ပြင်နားရှိ ရှင်းသွေး နှင့် သိုက်ထံ ပြန်လှည့်လာကာ နှစ်ဦးလုံးအား တောက်ပစွာ ပြုံးပြလိုက်သည်။ ထိုအချိန် နှစ်ယောက်လုံးသည် ကိုယ် စီလက်များအား ကမ်းပေးချိန် လွမ်းသည် ရှင်းသွေး၏ လက်ကိုသာ ကိုင်ဆွဲလိုက်သည်။ ထိုအချိန် သိုက်သည် ဝမ်းနည်းစွာ သူ၏ လက်အား ရုတ်သိမ်းလိုက်သည်။
" သိုက်ငယ်... ကိုယ်တောင်းပန်ပါတယ်.... သိုက်ငယ် ကို ကိုယ် လက်မထပ်နိုင်ပါဘူး... "
သိုက်သည် ဝမ်းနည်းသော်လည်း အပြုံးတစ်ခုဆင်မြန်းကာ
" ကိုယ်နားလည်ပါပြီ "
ထိုမျှသာ ပြောကာ ကျောခိုင်းထွက်သွားသည်။ လွမ်းသည် ရှင်းသွေးအား ကြည့်လိုက်တော့ ရှင်းသွေးလည်း လွမ်းအား ကြည့်ကာ
" ဘာလို့ ညီလေးကို ငြင်းလိုက်တာလဲ လွမ်း... "
" ဘာတုန်း မင်းက သူနဲ့ လက်ထပ်စေချင်လို့လား "
" မဟုတ်ပါဘူး ညီလေးက လွမ်းကို တကယ်ချစ်တယ် ထင်လို့ပါ "
"ဪ.. ဒါဆို မင်းက ငါ့ကို တကယ်မချစ်ဖူးပေါ့ "
" ဟာ... လွမ်းရယ် ကိုယ်က မင်းကို တကယ်ဆိုတာထက် ပိုပါတယ်ကွာ... "
" ဒါဆို... ငါ.. သိုက်ကို ငြင်းလိုက်တာ မကောင်းဘူးလား "
" ကောင်းပါတယ် ဒါပေမဲ့ လွမ်းက ကိုယ့်ကိုမှ.... "
လွမ်းသည် ရှင်းသွေး၏ စကားမဆုံးခင်ပင် ရှင်းသွေး၏ နှုတ်ခမ်းအား နမ်းရှိုက်လိုက်သည်။ ကြောင်အ့သွားသော ရှင်းသွေးသည် လွမ်း၏ အနမ်းကို ခံယူနေ၏။ စက္ကန့်အနည်းငယ်အကြာမှာပဲ အနမ်းတွေအား ဖယ်ခွာကာ
" ငါ က အပြောင်းအလဲ မြန်တဲ့သူတော့ မဟုတ်ဘူး... ဒါပေမဲ့ အဲ့နေ့က အဲ့ဒီ မိန်းကလေး ပြောခဲ့တဲ့ စကားက မှန်တယ်... ငါကို ချစ်တဲ့သူကို ငါကျောခိုင်းထားလို့ မရတော့ဘူး ငါပြန်ချစ်ပေးဖို့ အချိန်ကျပြီ
" အဲ့ဒီတော့ လွမ်းက.. "
" ဟားဟား... မင်းကို ကိုယ် ချစ်သွားပြီကွ... "

YOU ARE READING
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။