[ Part 15 ]

10.5K 113 4
                                        

မနက်ခင်း 7 နာရီ အရောက် လွမ်းမှာတော့ ည က ရှင်းသွေး သောင်းကျန်းထားသောဒဏ်ကြောင့် အိပ်စက်မြဲ အိပ်နေကာ ရှင်းသွေးကတော့ တက်ကြွစွာဖြင့် နိုးလာ၍ သူ၏ နံဘေး အိပ်စက်နေသော လွမ်းရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းကာ

" ကိုယ်ရဲ့မိန်းမလေး အရမ်းကို ချစ်တယ် ကိုယ်ကို ထားသွားဖို့ကြံရင် ကိုယ်မင်းကို သတ်ပစ်မယ် ပြီးရင် ဖန်အိမ်လေးထဲ ထည့်ပြီး အလှကြည့်နေမယ် ကိုယ်အရမ်းချစ်တာ သိပါကွယ် ကိုယ်ရဲ့ အသက်သွေးကြောလေးရယ် "

အိပ်စက်နေသော လွမ်းကတော့ ရှင်းသွေးစကားသံကို မကြားပဲ နှစ်ခြိုက်စွာအိပ်စက်နေတာကို ရှင်းသွေးကြည့်ကာ ချစ်စိတ်ပိုနေမိတယ်..။ ထိုနောက် ရှင်းသွေး အိပ်ရာပေါ်မှ ထလိုက်ကာ ရေချိုးခန်းထဲ၀င်ပြီး ရေမိုးချိုးပြင်ဆင်ပြီးနောက် အခန်းပြင်ထွက်ပြီး အိမ်အောက်သို့ ဆင်းလာကာ မီးဖိုဆောင်သို့ တန်းလျောက်သွားပြီး မီးဖိုဆောင်ထဲမှ အလုပ်သမားများကို အကုန်မောင်းထုတ်ကာ သူကိုယ်တိုင် ချက်ပြုတ်ရာတွင်သုံးသော Apron ကို ၀တ်ဆင်လိုက်ကာ စတင်ချက်ပြုတ်ရန်ပြင်ဆင်နေချိန် ရှင်းသွေး၏ လူယုံတွေဖြစ်ကြသော Samuel နဲ့ Jason ရောက်လာကာ

" Boss ဘာလုပ်နေတာတုန်းဗျ "

Samuel က အရင်မေးလိုက်တယ်..။

" ကိုယ်မိန်းမလေးစားဖို့ အတွက် ကိုယ်တိုင် ဟင်းချက်ပေးမို့လေ .. "

" ဟာ Boss ရာ.. မလုပ်စဖူးတွေ "

Samuel ကတော့ အံသြတသ ဖြစ်နေကာ Jason ကတော့ အပြုံး အေးအေးဖြင့်သာ ပြုံးနေပြီး

* Boss ပျော်နေရင် ကျနော် ကျေနပ်ပါပြီ *

အတွေးလေးတစ်ခုဖြင့်သာ တွေးရင်း ငြိမ်နေတယ်..။

" မင်းတို့ကူညီဖို့လာတာလား အမေးမြန်းထူဖို့ လာတာလား လဒ နှစ်ကောင် "

" ကူညီဖို့ပေါ့ဗျ ဟုတ်တယ်မလား Jason "

" ဟုတ်တယ် Boss .."

Jason လေသံအေးအေးဖြင့် ပြန်ဖြေလိုက်တယ်..။

" မင်းတို့က ဟင်းချက်တက်လို့လား "

Samuel ကော Jason ကော အနေအထား နည်းနည်းပျက်ကာ

" ဟို.. ဟို မချက်တက်ပေမဲ့ ကူတော့ ကူညီတက်ပါတယ် Boss ရဲ့ Samuel အစွမ်း Boss က အထင်သေးတာလား "

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now