အရုပ်ကြိုးပျက် ခွေကျသွားသော လွမ်းအား ရှင်းသွေး အသာဖက်လိုက်သည်။ ကြက်သေ သေနေသော လွမ်း၏ ပခုံးအား အသာအယာ ညစ်ကိုင်ရင်း
" လွမ်းရယ် စိတ်ထိန်းပါကွာ... ကျေးဇူးပြုပြီး ဒီလိုမျိုး ပြိုလဲ မနေပါနဲ့ သတင်းက တကယ်အမှန်ဟုတ်ရဲ့လား မသိဘဲနဲ့ ဒီလို မဖြစ်ရဘူးလေ လွမ်းရယ်... "
ဟုတ်၏.. လွမ်း၏ ဦးနှောက်ထဲ ရှင်းသွေးရဲ့ စကားတစ်ခွန်းရောက်သွားသည်။ ထိုသည်က " သတင်းက တကယ်အမှန်ဟုတ်ရဲ့လား " ဆိုသည်ပင်။ လွမ်းသည် ရှင်းသွေး လက်အား အားကိုးတကြီး ကိုင်ရင်း
" သတင်း အမှန် ဟုတ် မဟုတ် ငါတို့ ကိုယ်တိုင် စစ်ဆေးလို့ မရဘူးလား ရှင်းသွေး... "
" ဟာ.. အဲ့ဒါက ရဲတွေနဲ့ စကားပြောရမှာ... ကိုယ် သိပ့်ပြီး အဲလိုတွေ မပြောချင်ဘူး "
" ကျေးဇူးပြုပြီး... မင်းပဲပြောတယ်လေ.. ငါဖြစ်ချင်တာ အကုန်လုပ်ပေးမယ်ဆို "
" ဒါပေမဲ့.. ဒါကြီးကတော့... "
" မထွက်သွားဘူး... "
" ဟမ်.. "
ရှင်းသွေးသည် လွမ်းအား ငုံကြည့်ပြီး လွမ်းလည်း ရှင်းသွေးအား မော့ကြည့်ကာ နှစ်ယောက်သား အကြည့်ချင်းဆုံနေချိန်...
" ငါ မင်းအနားက မထွက်သွားဘူး... မင်းနဲ့ လက်ထပ်ဆိုလည်း ငါလက်ထပ်ပါ့မယ်ဟာ.. ဒါပေမဲ့ ငါကို ဒီတစ်ခုလေးဘဲ ကူညီပေးပါ.. ငါ မောင့်ကို တကယ် စိတ်ချချင်လို့ပါ မောင် သာ စိတ်ချရပြီဆိုရင်.. ငါတကယ် ကျေနပ်ပြီ ကျန်တာ အကုန် ငါလိုလိုလားလား လိုက်လျောပေးမှာမို့ တကယ်.. ကူညီပေးပါ ရှင်းသွေးရာ... "
" .... "
ရှင်းသွေး တချက်နှုတ်ဆိတ်ရင်း လွမ်းထံမှ
အကြည့်လွဲမိသည်။ မျက်ဝန်းဒေါင့်မှ မငိုဘဲ မျက်ရည်စီးကျမိသည်။ ဟုတ်တယ်.. ရှင်းသွေး မငိုဘဲ မျက်ရည်များ စီးကျနေမိတယ်... ရင်ထဲကလည်း တဆစ်ဆစ် နာကျင်နေသလိုပင်။ ရှင်းသွေးသည် သူ၏ မျက်ဝန်းများအား အသာပိတ်ချရင်း သက်ပြင်းချကာ" ကိုယ် ကူညီပေးမယ်.. ဒါပေမဲ့ ကိုယ့်အနားက မထွက်သွားရင် ရပြီ... ကိုယ်.. လွမ်းကို အတင်း မသိမ်းပိုက်တော့ဘူး... အတင်း သိမ်းပိုက်သလိုမျိုး ကိုယ့်ကို မပြောပါနဲ့တော့... လွမ်းကို ကိုယ် တကယ်ချစ်တာမို့ ကိုယ်ကူညီပေးတယ်လို့ဘဲ သဘောထားပေးပါ "

ESTÁS LEYENDO
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။