Part [ 35 ]

1.9K 23 3
                                        

မိုးအုံမှိုင်းနေသောကောင်ကင်းကြီးကို ကန်တော်ကြီး ပန်းခြံ လူသွား တံတားလေးတစ်ခုကနေ ရှင်းသွေး အဓိပ္ပာယ် မဲ့စွာမော့ကြည့်နေမိသည်။ နေ့ရက်အသစ် တစ်ခုသာ ရောက်လာသည် ... လွမ်းဦးတိုင်စေ ဆိုသော လူသား ဟာ သူ့ဘေးနားတွင် ယနေ့တိုင်ထိ မရှိသေးဘူး ဆိုသော အသိ အတွေး ခံစားချက်တစ်ခုတည်း ဖြင့် ရှင်းသွေး ပင်ပန်းလွန်းလှသည်။ " အချစ်ဆိုတာ ဒီလိုပါလား " ဆိုပြီး ရှင်းသွေး တွေးရင်း သက်ပြင်းချမိတယ်။ အကြောင်းမဲ့ ဖခင်ကို မုန်းမိသည်... သူ့ဘ၀ ကို စီးပွားရေးလို ချယ်လှယ်လွန်းလှသဖြင့် ချစ်ရသူကို ဘေးနား မထားနိုင်ဘဲ ဘယ်ရောက်နေလဲ ဆိုတာတောင် မသိရသဖြင့် ခံပြင်းမိလှသည်။

" ဪ... ငါ..ဘဝ... ဘယ်တော့မှ လွတ်လပ်မလဲနော် "

ရေရွတ်ရင်း.. သက်ပြင်းချမိသည်။ တစ်ဖက်တွင် အိပ်မရသဖြင့် ညလုံးပေါက် ထိုင်နေသောသူ..။ မနက်ရောက်တာတောင် မသိဘဲ အိပ်နေသော သူရိယ ကို တစိမ့်စိမ့်ကြည့်ရင်း...

" မောင်.. ကိုကို့ ကို အတည်ချစ်ရဲ့လား "

တစ်ကိုယ်တည်း ကြားနိုင်သော အသံဖြင့် ရေရွတ်ရင်း လွမ်း အတွေး တွေ များလွန်းနေသည်။ အတွေးပင် များနေချိန် သူရိယ နိုးလာကာ မျက်လုံးကို ပွတ်သတ်ရင်း

" အွန်း.. ကိုကို အစောကြီး နိုးနေတာလား "

" အင်း ဟုတ်တယ် မောင်.. ဟို..မောင်... ရေ "

ဟု တစ်ချက်ခေါ်လိုက်ချိန်

" ဗျာ ... ကိုကို "

" ဒီနေ့​ကော အလုပ်သွားရအုံးမှာလား မောင် "

" သွားရမှာပေါ့ ကိုကိုရဲ့ "

" ဪ အင်းပါ မောင် "

" ဘာများ ဖြစ်လို့လဲ ကိုကို "

" ဟအင်း မောင် "

လွမ်း မျက်နှာလွဲကာ အိမ်အောက် သစ်ပင်ရိပ်မှ ကုလားထိုင်ဆီသို့ ထိုင်ရာမှ ထပြီး ဆင်း၍ သွားထိုင်​နေလိုက်သည်။ သူရိယကတော့ လွမ်းကို ကြည့်ကာ ခေါင်းကုတ်ရင်း

" ကိုကို ကတော့ စားပြီ "

ဟု ပြောကာ အိပ်ရာမှ ထပြီး မျက်နှာသစ်သွားတိုက် ရေချိုးပြီးသော အခါ အကုန်သေချာပြင်ဆင်၍
အိတ်တစ်လုံးလွယ်ပြီး အိမ်အောက်ဆင်းလာရင်း အိမ်အောက်က သစ်ပင်ရိပ် ကုလားထိုင်တွင် ထိုင်နေသော လွမ်းအနား လျောက်လာကာ

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now