[ Part 27 ]

5.3K 60 7
                                        

" ခမ်းလေး တစ်ခုခု ဖြစ်လာတာလား "

မာန်ချီဟာ ဆိုဖာအထက် ထိုင်ရင်း အရက်တစ်ခွက် မနက်ခင်းအစပြု မော့သောက်နေကာ သူရိယမျက်နှာ မကောင်း သဖြင့် မေးမိတယ်။

" ကိုယ်ဘာမှ မဖြစ်ဘူး ချီ "

" အိုး.. ဟုတ်ရဲ့လား မသိပါဘူး မနေ့ညက ကိုယ့်ဖုန်းလေးကြောင့် မင်းတို့နှစ်ယောက် ရန်ဖြစ်နေပြီများလားလို့ ကိုယ်ပျော်နေခဲ့တာကို "

" သပ်သပ်လုပ်ခဲ့တာပေါ့ ချီ "

ခမ်းလေး ချီကို ပထမဆုံး တင်းမာစွာ ကြည့်လိုက်တယ်။ မာန်ချီလည်း သတိထားမိကာ ထိုင်ရာမှ ထလာရင်း

" ဒီမှာ သူရိယမဟာခမ်း မင်းအလုပ်က လွမ်းဦးတိုင်စေ ဘ၀ကို ဖျက်ဆီးဖို့ဆိုတာ မေ့နေတာလား ? လွမ်းဦးတိုင်စေ အပေးအကျွေးအောက်မှာ ဘ၀မေ့နေတာ အခုတည်းက ရပ်သင့်ပြီ တချိန်တန် မင်းဘယ်လောက်လွမ်းဦးတိုင်စေကို ချစ်ပါစေ လွမ်းဦးတိုင်စေသာ မင်းအကြောင်း အကုန်သိသွားရင် မင်းကို အမှိုက်လို လွတ်ပစ်သွားမယ့် အကောင်စားမျိုး ငါညီမကိုလည်း သူ ဒီလို လုပ်ခဲ့တာ "

မာန်ချီ အံကြိတ်တင်းကာ သူရိယကို စေ့စေ့ကြည့်ကာ ပြောခဲ့တယ်။ သူရိယဟာ မာန်ချီကာ အနည်းငယ် အံသြစွာ ကြည့်ရင်း

" ဟမ် ? ချီ မှာ ညီမ ရှိတာလား ကိုယ်မသိရပါလား အခု သူက ဘယ်မှာလဲ "

" သူလား ရှိတာပေါ့ လွမ်းဦးတိုင်စေလုပ်လို့ ဒီကမ္ဘာမြေရဲ့ မြေကြီး အောက်မှာ ရှိနေတယ် "

" ကိုယ်ကို ပြောပြလို့ရမလား ဘာတွေဖြစ်ခဲ့လဲ ဆိုတာ "

" အရင်က မင်း အလုပ် အတွက် အကြောင်းအရင်း တွေ ဘာတွေ မမေးတတ်ပါဘူး အခု ကိစ္စမှာ မင်းဘာလို့ မေးတာလဲ "

" ကိုယ်သိသင့်တယ် ထင်လို့ ကိုယ်ကို စိတ်မပျော့စေချင်ရင် ဖြစ်ခဲ့တာ အကုန် ကိုယ်ကို ပြောပြသင့်တယ် ချီ "

" ဟက်... ! ပြောပြရတာပေါ့ဗျာ သိပ့်သိချင်နေရင်လည်း "

မာန်ချီ ဆိုဖာပေါ်ပြန်ထိုင်တော့ သူရိယလည်း မာန်ချီ နဲ့ မျက်နှာချင်းဆိုင် ဆိုဖာခုံမှာထိုင်ကာ မာန်ချီ ဘာ​ဆက်ပြောမလဲကို နားစွင့်ကာ ငြိမ်နေမိတယ် ။

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now