[ Part 22 ]

7.2K 68 1
                                        

လွမ်းကတော့ သူရိယအိမ်ထဲ ခြံအရိပ်လေးထဲ ထိုင်ရင်း

" ဟူး... အိမ်မှာဆို Aircorn နဲ့ ဓာတုလေတွေချည်းရှုရှိုက်နေရတာ ဒီမှာက သဘာ၀လေကောင်းကောင်း ရတယ် အေးလည်း အေးချမ်းလိုက်တာ ဒီလိုဘ၀လေးမှာ မောင်နဲ့ပဲအမြဲရှိနေချင်တယ် "

တစ်ကိုယ်တည်း ပြောနေကာ အရိပ်တွေကို ပြည့်၀စွာပေးနေသော သစ်ပင်တွေကို ကြည့်ရင်း အတွေးထဲ၌

" ဘုန်းသစ်မာန်ချီ ဆိုတဲ့သူကို ငါ.. သိခဲ့တာလား ဘာလို့ ရင်းနှီးသိလို ခံစားနေရတာလဲ ... "

အကြိမ်ကြိမ်ပင် လွမ်းတစ်ယောက် တွေးနေမိတယ်..။

" မောင်ရဲ့ အလုပ်ရှင်လို့သာ ပြောတယ် မောင်ကို အမြဲ သူနား ခေါ်ထားပုံရတယ် အားလပ်ရက်တောင် မောင်နဲ့ အတူ နားတတ်တယ်တဲ့လား ..."

လွမ်းတစ်ယောက်တစ်ကိုယ်တည်း တွေးလိုက်ပြောလိုက် ဖြစ်နေတယ်..။ လွမ်းလည်း ဘုန်းသစ်မာန်ချီဟာ မောင်ကို အလုပ်သမား ဆက်ဆံရေးထက်ပိုနေမလား အတွေးတွေ၀င်လာမိတယ်..။ ခနအကြာ ခေါင်းကို ခါရင်း

" ဟူး အတွေးလွန်နေတာပဲ နေမှာပါလေ "

ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ရှာတယ်..။ ထိုအချိန် သူရိယဟာ လွမ်းကို လှမ်း၍ အော်ခေါ်လိုက်တယ် ..။

" ကိုကိုရေ ...! ထမင်းစားလို့ရပြီ ..! "

" ဟုတ် မောင် လာပြီ ..! "

သူရိယအသံကို လွမ်းကြားသောအခါ ထိုင်နေရာကနေပင် လှစ်ခနဲ အိမ်ပေါ်ကို ပြေးတက်တော့တယ်..။

" ဖြေးဖြေး လာလေ ကိုကိုရယ် ချော်လဲနေအုံးမယ် "

" ဟီး "

" ရယ်မနေနဲ့ ဗိုက်ဆာနေပြီမလား ကိုကို ဒီမှာ မောင် ချက်ထားတာတွေ "

" မောင်ချက်ထားတာတွေလား ၀ိုး..! စားမယ် မြန်မြန် ထမင်းခူးပေး မောင် "

" ဟုတ်ပါပြီဗျာ "

ပြောကာ သူရိယလည်း ထမင်းပန်းကန်ရေဆေးပြီး ထမင်းခူးကာ ဇွန်းတစ်ချောင်းတပ်ပြီး လွမ်းထံ ထမင်းပန်းကန်ပေးလိုက်တယ်..။ လွမ်းရဲ့ ထမင်းပန်းကန်ထဲ ဟင်းတွေကို သူရိယကိုယ်တိုင်ခပ်ထည့်ပေးရင်း

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now