ဘာလိုလိုနဲ့ ညနေ 5 နာရီကျော်ရောက်လာခဲ့ပြီး လွမ်းလည်း ချိန်းထားတဲ့ Coffee Shop ကို အရင်ရောက်နှင့်ရောက်ကာ အရင်က လွမ်းတို့ စထိုင်ခဲ့တဲ့ဆိုင်ဒေါင့်လေး မှာနေရာယူကာ ထိုင်လိုက်တယ် လွမ်း လက်အချက်ပြကာ Waiter လေးတစ်ယောက်ကို ခေါ်လိုက်ပြီး
" ကိုယ်အတွက် ကော်ဖီ Latte နှစ်ခွက် နဲ့ ချိစ် Cake ရယ် စတော်ဘယ်ရီ Cake ရယ်ချပေးပါ"
Waiter လည်း ကော်ဖီ နှစ်ခွက်နဲ့ Cake နှစ်ပွဲ မှတ်ကာ ဦးညွန့် ထွက်သွားလေရဲ့ ။ ထိုနောက် လွမ်းလည်း ဆိုင်အပြင်မေးထောက်ကြည့်ရင်း
" ဒီညနေခင်းက ပိုသာယာမယ်လို့ ထင်နေမိတာ ဘာလို့လဲ "
ပြုံးရယ်ကာ တစ်ဦးတည်းပြောနေချိန် တဖက်ရှိ သူရိယကလည်း နောက်ကျနေမည် စိုးသဖြင့် ဆိုင်ကယ် အမြန်မောင်းနှင်းလာလေရဲ့။ 10 မိနစ်လောက်ကြာကော သူရိယလည်း ဆိုင်ထဲ ပြေး၀င်လာကာ လွမ်းကို အမောတကောရှာလေရဲ့။ လွမ်းလည်း တိုက်ဆိုင်စွာ ဆိုင်၀င်ပေါက်ကို ကြည့်လိုက်ချိန် သူရိယကိုတွေ့ကာ လက်လှမ်းပြလိုက်တယ်။ သူရိယလည်း လွမ်းကိုတွေ့ကာ အပြုံးကြီး ပြုံးပြီး လွမ်းဆီအမြန်လျောက်လှမ်းလာကာ ထိုင်ခုံမှာ၀င်ထိုင်ရင်း
" အမလေးဗျာ ရောက်နေတာကြာပြီလား ကိုယ်နည်းနည်း နောက်ကျသွားတယ် ကားတွေကျပ် လမ်းတွေပိတ်နေတာနဲ့ "
" ဖြေးဖြေးပေါ့သူရိယရယ် ကိုယ်ရောက်တာမကြာသေးပါဘူး ကြာရင်တောင် ကိုယ်စောင့်နိုင်တယ် "
လွမ်းလည်း သူရိယချွေးတွေမြင်ကာ သူဆောင်ထားနေကျ ပု၀ါလေးကို ထုတ်ပြီး သူရိယကို ကမ်းပေးလိုက်တယ်။
" ချွေးတွေချည်းပဲ သုတ်လိုက်အုံး သူရိယ "
သူရိယလည်း လွမ်းပု၀ါလေးကိုယူကြည့်ရင်း ပြုံးကာ
" ပု၀ါလေးက အိနေတာပဲ "
လွမ်းလည်းပြုံးကာကြည့်ရင်း
" ဘယ်လိုလုပ်ချွေးတွေထွက်နေတာလဲ သူရိယရဲ့ "
"ဟုတ်တယ်ဗျာ ဟူးး နောက်ကျနေမှာစိုးတာနဲ့ လွမ်းလည်း စိတ်ကွက်မှာစိုးတာနဲ့ အမြန်ဆိုင်ကယ်မောင်းပြီး အပြေးလာတာ "

YOU ARE READING
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။