Part [ 46 ]

1.3K 19 1
                                        

နိုးနိုးချင်းခေါ်လိုက်သော နာမ်စားလေးကြောင့် ရှင်းသွေး အနည်းငယ်တုန်လှုပ်သွားသည်။ သို့သော် ရှင်းသွေး တချက်မှ ဟန်မပျက်ခဲ့ပါ။ သိုက်လည်း လွမ်းအား ကြည့်ကာ

" ဦး နိုးလာပြီလား "

လွမ်းသည် သိုက်အား သေချာကြည့်ရင်း

" မောင်ကော... "

" ဦး..  ကျနော်ကို မှတ်မိလား "

လွမ်းလည်း သိုက်အား သေချာကြည့်ကာ

" ကိုယ့်ကို ကယ်ပေးခဲ့တဲ့ ဆရာဝန်လေးမလား ကျနော် မှတ်မိပါတယ် "

" တော်သေးတာပေါ့ ဦးရာ ကျနော့်ကို မမေ့သွားလို့ "

" ကိုယ့်ရဲ့ ကျေးဇူးရှင်ကို မမေ့ရက်ပါဘူး "

ပြောလိုက်ရင်း အိပ်ရာထဲ လဲနေရာမှ ထထိုင်ရင်း

" ကိုယ်... ဘာဖြစ်သွားတာလဲ "

" ဦး သွေးအားနည်းပြီး မေ့သွားလို့ ဒီက ကိုကြီးက အိမ်ပြန်ခေါ်လာတာပါ ဦးရယ် ကိုယ့်ရဲ့ ကျန်းမာရေးမကောင်းတာကို အဲလို အပြင်တွေလျောက်သွားလို့ မရဘူးလေဗျာ "

" မောင်ကော "

သိုက်လည်း အသာသက်ပြင်းချကာ

" ကျနော် စိတ်မကောင်းပါဘူး ဦးရယ် ဒါပေမဲ့ ဦးလက်ခံနိုင်မှရမယ်..  ဦးပြိုလဲသွားရင် ဦးချစ်တဲ့လူရဲ့ နောက်ဆုံး ခရီးကို မဖြောင့်စေဘူးဗျ ကျနော် ပြောတာကို သေချာနားထောင်ပေးပါ ဦးပြိုလဲသွားလို့မရဘူး လက်ခံနိုင်မှရမယ် ရှေ့ဆက်လျောက်ရမယ် "

" ဒါဆို မောင်က တကယ် သေသွားပြီပေါ့ "

လွမ်း၏ မျက်ဝန်းမှ မျက်ရည်တွေ ပြိုလာရင်း ပြောလိုက်သည်။ သိုက်သည် လွမ်း၏ မျက်ရည်များကို သုတ်ပေးကာ

" အွန်း ဟုတ်တယ် ဦး သူသေသွားပြီ "

လွမ်းသည် နာနာကျင်ကျင် ငိုချလိုက်သည်။ သိုက်လည်း လွမ်းအား အသာဖက်ထားပေးလိုက်၏။ ထိုအချိန် ရှင်းသွေးသည် ဒေါင့်တစ်နေရာမှ ထိုအဖြစ်အပျက်များကို ကြည့်နေရာမှပင် မျက်နှာကို လွဲချလိုက်သည်။ ရှင်းသွေး ဆက်ကြည့်ဖို့ အင်အားမရှိပေ။ ဤအချိန်မှာ လွမ်းအား ဖက်ထားရမှာ သူဖြစ်ရမယ် ဆိုသော်လည်း သူဟုတ်မနေပေ။ သူဖက်ထားချင်၏ သို့သော် လွမ်း မလိုလားမည်ကို စိုး၍ တစ်ခွန်းမျှ ဘာမှ မပြောဘဲ ရပ်ကြည့်နေရာမှ အခု မျက်နှာလွဲလိုက်ရင်း ထိုအခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ စိတ်ထဲတွင်တော့ လွမ်း၏ ကျန်းမာရေး ကြီးကြီးမားမား မထိခိုက်တာကို သိရတော့ စိတ်ပြေခဲ့သည်။ လွမ်း၏ စိတ်ပိုင်းဆိုင်ရာ မချွတ်ယွင်းတာကြောင့် သူ၏ စိုးရိမ်မှု တစ်ဝက်ကို လျော့ချနိုင်ခဲ့၏။ အခန်းထဲမှ အိမ်အောက်ဘက် ခြံထဲ ဆင်းလာရင်း မြက်ခင်းပြင်ပေါ် ပစ်လဲချမိလိုက်သည်။ အခု ရှင်းသွေး အရမ်းစိတ်ပင်ပန်းနေပြီ။ ညနက်ကြီး ကောင်းကင်ပေါ်မှ ကြယ်များကို ကြည့်ကာ

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now