လွမ်းသည် ရှင်းသွေးကို မြင်သည့်နှင့် အနောက်ကို ဝုန်းခနဲဆုတ်မိကာ ကုတင်ပေါ်ကနေ ပြုတ်မည့် ဖြစ်နေသည့်ကို ရှင်းသွေးကလည်း တချက်လန့်သွားကာ လွမ်း၏ လက်ကို ဖမ်းကိုင်လိုက်တော့ ပြုတ်ကြမည့် အရေး ရင်အေးရတော့ပါတယ်။ လွမ်းသည် ရှင်းသွေး လက်ကို ဖယ်ချကာ
" မင်း... မင်း ဘာလို့ ငါ့ကို ဒီ ပြန်ခေါ်လာရတာလဲ "
" ဒီမခေါ်လာလို့ ကိုယ်က လွမ်းကို လမ်းပေါ်မှာတင် ပစ်ထားခဲ့ရမှာလား လွမ်း "
" ဟက်! ပစ်ထားလို့ သေသွားတာပဲ ကောင်းတယ် မသေသေးတော့ မင်းလုပ်သမျှ ထပ်ခံရမှာ မခံနိုင်ဘူး "
လွမ်း၏ နိုးနိုးချင်း ပြောသော ရင့်သီးသော စကားများသည် ရှင်းသွေး ရင်ဘတ်ကြီးကို အက်စစ်ဖြင့် ပက်သကဲ့သို့ ပူလောင်ပါ၏။ သို့သော် ရှင်းသွေးသည် အပြုံးလေး ဆင်ကာ
" ကိုယ် မင်းကို ဘယ်တော့မှ စိတ်ဆင်းရဲအောင် နာကျင်အောင် မလုပ်တော့ဘူး... တနည်းအားဖြင့် မင်းမကြိုက်တာ ဘာမှ ကိုယ်မလုပ်တော့ဘူးနော် အဲ့တော့ ကိုယ့်ကို စကားအကောင်းလေးတော့ အဖက်လုပ်ပြောပေးပါလား လွမ်းရယ် "
" မင်းအတိတ်က ငါ့အပေါ်လုပ်ထားတာတွေက အရမ်းမေ့လို့ ရနေတဲ့ အမှတ်တရတွေဆိုတော့ ငါ့က လွယ်လွယ်နဲ့ မေ့ပေးရမယ်ပေါ့ အဲ့လိုလား "
" ဟာ.. မဟုတ်ပါဘူး လွမ်းရာ ကိုယ် အဲ့လိုသဘောဆိုလိုတာ မဟုတ်ပါဘူး အခုကနေစပြီး လွမ်းအပေါ် မဆိုးတော့ဘူး ဆိုတာကို ပြောပြနေတာပါ ယုံကြည်အောင်လည်း သက်သေပြပါ့မယ် လွမ်းရယ် "
လွမ်းလည်း ရှင်းသွေးအား ခပ်ရွဲ့ရွဲ့ အပြုံးပေးကာ
" ဒါဆို ငါ့ကို မင်းနဲ့ဝေးရာမှာ ထားပေး အဲလိုဆိုရင်ကော မင်းလုပ်ပေးနိုင်လား "
ရှင်းသွေးလည်း မျက်ပြာဆံပြူးသကဲ့ဖြစ်ကာ
" အဲ့ဒါကိုတော့ ကိုယ်မလုပ်ပေးနိုင်ဘူး လွမ်း ကိုယ့်အနားက ထွက်သွားမယ့် မည်သည့်အရာမဆို ကိုယ်မလုပ်ပေးနိုင်ဘူး ဒါကိုတော့ ခွင့်လွတ်ပါ လွမ်းရယ် ကျန်တာ အကုန် ကိုယ်လုပ်ပေးပါ့မယ် စိတ်ချပါ "

YOU ARE READING
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။