သူရိယသည် လွမ်းအား တစ်နေရာသို့ ခေါ်လာကာ ဆိုင်လေး တစ်ဆိုင်ရှေ့ရောက်သောအခါ
" ဒီဆိုင်လေးကို မှတ်မိလား ကိုကို "
" ဟော့ မောင်ရယ် မမှတ်မိဘဲ နေပါ့မလား ဒီနေရာလေးကနေ အစပြုလို့ ကိုကိုတို့ အချစ်တွေ ဖြစ်တည်ခဲ့တာလေ "
ဟုတ်သည် ထိုနေရာသည် လွမ်း နှင့် သူရိယ တို့ ပထမဦးစွာ ဆုံတွေခဲ့ကြသော ကော်ဖီဆိုင်လေးပင်ဖြစ်သည်။ လွမ်း နှင့် သူရိယတို့၏ မြင်မြင်ချင်း အချစ်များ ပေါက်ဖွားခဲ့ရာ ဆုံမှတ်ဟု၍လည်း သမုတ်လျှင်လည်း မမှားပေ။ ရှေ့တွင် ပြုံးနေသော လွမ်းအား သူရိယဟာ ပါးပြင်များအား ကိုင်ရင်း ကြေကွဲဖွယ် ကြည့်ရင်း မြေပြင်ပေါ်သို့ အကြည့်များ ရှောင်လွဲရင်း
" မောင် အရင်ဆုံး တောင်းပန်ပါရစေ "
လွမ်းသည် သူရိယ၏ စကားများအား နားမလည်သဖြင့် ပြုံးကျဲကျဲ အသံပေးကာ
" ဘာလို့ တောင်းပန်နေတာလဲ မောင်ရဲ့ "
" မောင်တို့... မောင်တို့..... "
ပြောရင်း
" ဟူး... "
သူရိယ သက်ပြင်းတချက်ချရင်း မငိုမိအောင် ထိန်းကာ နှုတ်ခမ်းကိုက်ထားမိသည်။ သူရိယ၏ အပြုအမူကြောင့် လွမ်း တခုခု လွဲနေပြီ ဆိုတာကို သတိထားမိကာ ရင်တုန်လာခဲ့သည်။ ပါးပြင်က သူရိယ၏ လက်များကို ထပ်ကိုင်ကာ
" ဘာ.. ဘာ ပြောချင်လို့လဲ မောင် "
လွမ်း၏ စကားဆုံးသည်နှင့်
" မောင်တို့ လမ်းခွဲရအောင် "
လွမ်း၏ မျက်ဝန်းများအား သူရိယသည် ရဲရဲ ကြီးစိုက်ကြည့်ကာ ပြောလိုက်၏။ ထိုစကားကို မှင်သွားသော လွမ်းသည် တခန ရယ်လိုက်ကာ မျက်ရည်များဝဲတက်လာရင်း
" မောင် ဘာတွေ ပြောနေတာလဲ ကွာ... မောင် ရုပ်တည်ကြီး နဲ့ မနောက်နဲ့ ကိုကို က နောက်တာ မကြိုက်ဘူး "
လွမ်း၏ မျက်ဝန်းက မျက်ရည်များ မထိန်းနိုင်ဘဲ ပြိုကျနေသော်လည်း နှုတ်ခမ်းမှ အပြုံးဖြင့် သူရိယ၏ ရင်ဘတ်မှ အကျီများကို ကိုင်ဆွဲကာ ပြောသောအခါ
သူရိယသည် လွမ်း၏ ပါးပြင်ထက် တင်ထားသော သူ၏ လက်များကို ဖယ်ချကာ တဆက်တည်း သူ၏ ရင်ဘတ်ပေါ်မှ လွမ်း၏ လက်များကို ဖယ်ချရင်း

YOU ARE READING
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။