ကြမ်းတမ်းသော အသုံးအနှုန်းအချို့ ပါ၀င်သည်။
🚨warning🚨
................................
Mercure Hotel ၀င်ပေါက်ဆီသို့ ရှင်းသွေး ရောက်ရှိလာကာ ယခု ရှင်းသွေးစိတ်ထဲ လွမ်းကို စိတ်ပူနေပေမဲ့ တဖက် လုပ်ငန်းကိုလည်း လက်လွတ်ရန်မဖြစ်နိုင်ပေ..။ တစ်လမ်းချင်း Hotel စားသောက်ဆိုင် အခန်းမ ဆီ၀င်လာတော့ အရက်ခွက်ကို ဟန်ပါပါ ကိုင်ကာ သောက်နေသော ဦးမာန်ချီကို မြင်သည်နှင့် ကိုယ်နေဟန်ထား ပြင်လိုက်ကာ" ကိုယ်ရောက်ပါပြီ ဦးမာန်ချီ "
" ရောက်ပြီလား ဦးထိုက်ခေါင် "
ဟု ပြောကာ ထရပ်လိုက်ရင်း
" ပြန်မိတ်ဆက်ကြတာပေါ့ ကိုယ်နာမည်က ဘုန်းသစ်မာန်ချီ X Hit Company ရဲ့ CEO ပါ တွေ့ရတာ ၀မ်းသာပါတယ် "
ညာဘက်လက် အရှေ့တိုးပေးကာ ပြုံးပြတော့ ရှင်းသွေးလည်း လက်ပြန်ဆွဲကိုင်ကာ နှုတ်ဆက်လိုက်ပြီး
" ကိုယ်က ရှင်းသွေးထိုက်ခေါင်ပါ Htike Company ရဲ့ Director ပါ ထပ်တူ တွေ့ရတာ၀မ်းသာပါတယ် "
" ထိုင်ပါ ဦးထိုက်ခေါင် "
ပြောကာ နှစ်ယောက်သား ထိုင်ချလိုက်ရင်း မာန်ချီ မှ ရှင်းသွေးအတွက် ခွက်တစ်လုံးယူကာ ရေခဲလုံးထည့်ပြီး အရက်အနည်းငယ်ရောကာ ကမ်းပေးလိုက်တယ် ။ ရှင်းသွေးလည်း အရက်ခွက်ကို ယူကာ အနည်းငယ် သောက်ရင်း
" ကိုယ်တို့ လုပ်ငန်းအကြောင်းပြောရအောင် ဦးမာန်ချီ "
" အင်း ကိုယ် ဦးထိုက်ခေါင်တို့ရဲ့ Company မှာ ရှယ်ယာ၀င်အဖြစ် ရင်းနှီးမြုပ်နှံထားချင်တယ် ပြီးတော့ အင်းအားစုနှစ်ခု ပေါင်းစည်းပြီး လုပ်ငန်းသစ်တစ်ခု ထူထောင်ချင်တယ် အဲဒါ ဒီက ဦးထိုက်ခေါင် သဘောက ဘယ်လိုလဲ "
" ကိုယ်ဘက်ကတော့ အဆင်ပြေပါတယ် ထွေထွေထူးထူး ပြောစရာမရှိဘူး ဒါပေမဲ့ လုပ်ငန်းမှာ တစ်စုံတစ်ခု ချို့ယွင်းတာမျိုးတွေ ကိုယ် မကြိုက်ဘူး "
" Oh my ... ဦးထိုက်ခေါင် ကိုယ်သမိုင်းမှာ ဒီီလို မရှိဘူး ဆိုတာ သိလိမ့်မယ် ထင်ပါရဲ့ "
" သိထားပါတယ် ဒါပေမဲ့ သတိဆိုတာ ပိုတာပဲ ကောင်းတယ် လိုတာ မကောင်းဘူးလေ "

VOUS LISEZ
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။