Part [38]

1.9K 23 2
                                        

သူရိယ နှင့် လွမ်း တို့ တစ်ဦးလက် တစ်ဦးကိုင်ဆွဲကာ အပြုံးကိုယ်စီဖြင့် ဘုရား အောက်ဆင်းလာကြသည်။ လူအချို့မှာ ကြည့်နေသော်လည်း ထိုသူနှစ်ဦးကတော့ ဂရုစိုက်မည့်ပုံမပေါ်ပေ။

" ကိုကို.. ဘယ်သွားချင်သေးလဲ "

" မသိဘူး မောင် ဒါပေမဲ့ ကိုကို မောင်နဲ့ ဒီလို လမ်းအတူ တွဲလျောက်ရတာ တင် ကျေနပ်နေပြီ "

" ကိုကိုကတော့လေ မောင့်ကို စကားတွေနဲ့ အရည်ပျော်အောင်လုပ်နေပြီ... ကဲ ဘယ်ဆက်သွားရမယ် မသိသေးတော့လည်း မုန့်ဆိုင်တစ်ဆိုင်ဝင်ထိုင်စားရင်း စဥ်းစားတာပေါ့ ကိုကိုရာ... ကိုကို အခု ဘာစားချင်လဲ "

လွမ်းသည် တစ်ချက်တွေးလိုက်ကာ

" အွန်း.... အုန်းနို့ခေါက်ဆွဲ "

" အဲ့ဒါဘဲလား ကိုကို.. "

" ပြီးတော့ လက်ဖက်ရည်ချိုစိမ့်လေးလည်း သောက်ချင်သေးတယ် "

" ပြီးတော့ကော ကိုကို.. "

" ပြီးရင် ကိုကို ... ဟို... "

အသံတိတ်သွားသော လွမ်းကို သူရိယဟာ တချက်စောင်းငဲ့ကြည့်ရင်း

" ပြောလေ ကိုကို ဘာထပ်စားချင်သေးလို့လဲ "

" ဟို.. ဆေးလိပ်လေး တစ်လိပ်လောက်ဖြစ်ဖြစ် သောက်ချင်မိတယ် မောင်... ကိုကို မသောက်ရတာ အတော်ကြာနေပြီ ခံတွင်းကတော့ တောင်းတ့မိတယ်.. မောင် မကြိုက်မှာစိုးလို့ "

မဝံမရဲ လေသံလေးဖြင့် လွမ်းပြောသောအခါ သူရိယသည် တစ်ချက်ပြုံးကာ

" ကိုကို ဖြစ်ချင်တာ ဘာမဆို ဖြစ်စေရမှာပေါ့ ကိုကိုရယ်...  ဒါဆို မောင်တို့ လက်ဖက်ရည်ဆိုင်ထိုင်ကြမယ် "

လွမ်းလည်း သူရိယစိတ်ဆိုးသည့်ဟန် ကို မမြင်သဖြင့် တပြုံးပြုံးခေါင်းညိမ့်ကာ မောင်အနောက်ကို လိုက်သွားသည်။ လမ်းလေး အနည်းငယ်လျောက်ကာ သစ်သားခုံလေးများဖြင့် စီရီထားသော လက်ဖက်ရည်ဆိုင်လေးကို သူရိယ သဘောကျမိကာ

" ကိုကို... ဟိုဆိုင်လေး ထိုင်ရအောင် အရင်ခေတ် ခံစားချက်ကို ရစေတယ် "

လွမ်းလည်း သူရိယ ညွန်ပြသော ဆိုင်လေးကို ကြည့်ကာ

" မောင့်သဘောလေ မောင်ရဲ့ ဒါပေမဲ့ ဆိုင်က ခုံလေးတွေက သစ်သားခုံပုလေးတွေဆိုတော့ ကိုကိုတို့ ဂလန်ဂလား အရပ် နဲ့ ထိုင်လို့ အဆင်ပြေပါ့မလား "

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now