>>>>> နောက်တစ်နေ့မနက် <<<<<
မနက်မိုးသောက် နေအလင်းထွက်ချိန် နာရီ Alarm မှ အသံမြည်လာ
* ကလင် ကလင် ကလင် *
လွမ်းတစ်ယောက် နာရီကို စမ်းကာ ပိတ်လိုက်ပြီ ပျင်းကြောဆန့်ကာ
" အွန်းး ~~ အိပ်ရေးမ၀လိုက်တာနော် "
ပျင်းကြောကောင်းကောင်းဆန့်ကာ ကုတင်ပေါ်က ထလာပြီး မျက်နှာသစ် သွားတိုက်ကာ ပြင်ဆင်ပြီး မနက်စာ ကို Cafe Shop တစ်ခုမှာ စားရန်ထွက်လာတော့လေရဲ့ ...။ ကားမောင်းရင် အချိန်တန်ကြာ Cafe Shopတစ်ခု ဆီသို့ရောက်လာပြီ ကားကိုလမ်းထောင့်တစ်ခုမှာရပ်လိုက်ကာ ဆိုင်ထဲသို့ ၀င်လာချိန်လွမ်း လူတစ်ယောက်နဲ့ ၀င်တိုက်မိလိုက်တယ်။
* ၀ုန်း...!! *
လွမ်းတစ်ယောက် ထိုသူကို ကြည့်လိုက်ကာ
" Sorryပါ ကိုယ် နမော်နမဲ့ ၀င်တိုက်မိလိုက်တာ ဘာဖြစ်သွားသေးလဲ "
ထိုအချိန် လွမ်းဦးတိုင်စေကို ထိုသူမှာစိုက်ကြည့်လိုက်ကာ
" ကိုယ်ဘာမှမဖြစ်ပါဘူး ခဗျားလေးကော ဘာဖြစ်သွားသေးလဲ "
" ကိုယ်က ဘာမှမဖြစ်ဘူး ဒါပေမဲ့ မင်းရဲ့ ပစ္စည်းတွေက ...... "
နှစ်ယောက်လုံး အကြည့်က လမ်းပေါ်က ကျကွဲပျက်ဆီးနေသော မုန့်တွေနဲ့ ပစ္စည်းတွေကြည့်ရင်း
" ရပါတယ် အဲဒါတွေက.... ခဗျားလေး မထိခိုက်ရင်ပြီးတာပဲလေ "
ထိုသူမှ လွမ်းကို ကြည့်ကာပြောလိုက်တော့ လွမ်းလည်း ထိုသူကိုပြန်ကြည့်ကာ
" မဟုတ်တာ ကိုယ်ကြောင့် အကုန်ပျက်ဆီးသွားပြီ ကိုယ်ပြန်၀ယ်ပေးပါ့မယ် မဟုတ်လည်း ကိုယ် ပြန်လျော်ဖို့ ပိုက်ဆံ ပေးပါ့မယ် "
" မလိုပါဘူး အဲပစ္စည်းတွေကတော့ ကိုယ်ဘာသာပြန်၀ယ်နိုင်တယ် တောင်းပန်တာနဲ့တင် ကျေနပ်ပါတယ် "
" မဟုတ်တာ ကိုယ်ပြောတာ လက်မခံရင်တောင် အနည်းဆုံး ကိုယ် Coffee တစ်ခွက်တော့လိုက်တိုက်ပါရစေ တောင်းပန်တဲ့ အနေနဲ့ လက်ခံပေးပါ "
" မဟုတ်တာ ကိုယ် မသောက်ပါဘူး ကိုယ်အတွက် အချိန်ကုန်မခံပါနဲ့ "

ESTÁS LEYENDO
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။