Part [ 47 ]

1.4K 22 3
                                        

" စုံစမ်းခိုင်းထားတဲ့ အမှုအခြေအနေ က ဘာတုန်း "

မာန်ချီသည် သူ၏တပည့် ဖြစ်သူအား စေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည်။

" Sir... ကျနော်တို့ သိထားတဲ့ တရားခံ မဟုတ်ဘူး ဆရာ "

" ဘာ...! "

တပည့် ဖြစ်သူ၏ ပြောစကားကြောင့် မာန်ချီ ရင်ထဲ ထိတ်ခနဲတုန်သွားသည်။ ခေါင်းထဲတွင်လည်း ချာချာလည်မတက်ဖြစ်သွားကာ

" ဟျောင်.. မင်း ဘာကို ဆိုလိုချင်တာလဲ "

" ကျနော်တို့ သိထားတဲ့ မမလေးကို သတ်တဲ့တရားခံက လွမ်းဦးတိုင်စေ မဟုတ်ဘူး Sir..  အခြားသူတစ်ယောက် ဖြစ်နေတယ်လို့ သတင်းရထားပါတယ် "

မာန်ချီ သည် နွေနွေခေါင် ခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

" ဒါ...ဒါဆို တရားခံက ဘယ်သူတုန်း "

မာန်ချီ၏ လေသံမှာ သိသာစွာတုန်ယင်နေ၏။ ထိုအချိန်ဘေးနားတွင် ရှိသော မိန်းကလေး ဟယ်ရီဟာ အေးဆေးတည်ငြိမ်စွာ နားထောင်နေရင်း ဧည့်ခံထားသော ကော်ဖီအား သောက်နေ၏။

" ကျနော်တို့ တရားခံကို အတိအကျမသိရသေးပါဘူး Sir.. ဒါပေမဲ့ ဖြစ်ရပ်မှာ ရှိနေတဲ့ သန့်ရှင်းရေး အန်တီ ပြောစကားအရ အဲ့လူရဲ့ ကျောပြင်မှာ ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာ ရှိတယ် တဲ့ Sir.. အခန်းထဲကနေ အဲလူက အပေါ်အဝတ်စလစ်နဲ့ ထွက်ပြေးသွားတာကို သူမြင်ခဲ့တာပါ လို့ ပြောပါတယ် "

" ဟာကွာ အဲလူရဲ့ မျက်နှာကို မမြင်လိုက်ဘူးလား အဲ့ဒီ အဒေါ်ကြီးက "

" သေချာ မမြင်လိုက်ဘူးလို့ ပြောပါတယ် "

" ဒါဆို သူက ငါတို့အတွက် သက်သေလိုက်ပေးနိုင်တဲ့တစ်ဦးတည်းသောသူပေါ့ "

" Sir... အဲ့အန်တီက ကြိုတောင်းဆိုထားပါတယ်...  "

" ဘာများတုန်း "

" တရားခွင်မှာ သူကို မသုံးပါနဲ့...မဟုတ်ရင် သူအသတ်ခံရမှာ ဆိုပြီး ပြောထားပါတယ် "

မာန်ချီသည် အံကိုကြိတ်ရင်း လက်သီးအား ကျစ်နေအောင် ဆုပ်လိုက်မိသည်။

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now