အိမ်တွင်းရှိ ရေကန်သေးလေး တစ်ခုနား မတ်တပ်ရပ်ရင်း ဆေးလိပ်သောက်နေသော Sam။ ဒီနေ့အလုပ်မဆင်းဖြစ်ဘဲ တစ်နေကုန် အဆောင်မှာ အိပ်ရင်း အချိန်ဖြုန်းခဲ့တယ်။ ညပိုင်းလောက်မှ အိမ်အပြင်ဘက်သို့ လေညင်းခံဖို့ ထွက်လာခဲ့သည်။
" ဟူး... "
Sam သည် သက်ပြင်းကို ခပ်ဖြေးဖြေး ချရင်း
" အာ... တကယ်ပါပဲ မေ့မရသလို ရင်ထဲ တဆစ်ဆစ်နဲ့ အသည်းနာတယ် ဆိုတာ ဒါများလား... "
တစ်ကိုယ်တည်း ရေရွတ်ရင်း ပြောကာ ခပ်ဟ့ဟ့ရယ်မိပြီး ဆေးလိပ်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။ ထိုအချိန် Sam ၏ နောက်ဘက်မှ လူတစ်ယောက် ရောက်လာကာ
" တစ်နေကုန် မင်း ပျောက်နေတယ်နော် Sam "
ထိုအသံကို ကြားသည်နှင့် Sam ၏ ရင်ထဲ ထိတ်ခနဲ ခုန်တက်သွားသည်။ Sam သည် သူ၏ ရင်ဘတ်ကို အသာဖိကာ လှည့်လာရင်း
" အိမ်မပြန်ဖြစ်ဘူးလား ဆရာလေး "
" အွန်း "
ထိုမျှသာ သိုက် ဖြေလိုက်၏။ Sam လည်း အသာပြုံး၍
" ဆရာလေးတောင် အိမ်ပြန်မလာတာ အတော်ကြာခဲ့ပြီနော် အခု ဒီအိမ်ကြီးမှာ ပြန်တွေ့နေရလို့ ကျနော် တကယ် ပျော်မိတယ် "
" အကြာကြီး မနေပါဘူး Sam... ကိုကြီးရဲ့ လူနာ သက်သာတာနဲ့ ကိုယ်ပြန်မှာပါ "
Sam သည် သိုက်ကို နူးညံစွာ ငေးကြည့်ရင်း
" ဆရာလေး ဒီအိမ်ကြီးရဲ့ အဝေးဆုံးမှာ ဘာလို့ နေချင်တာလဲ "
သိုက်သည် Sam ၏ မေးခွန်းကို နှုတ်ဆိတ်နေခဲ့သည်။ တိတ်ဆိတ်နေသော သိုက်အား စိုက်ကြည့်ရင်း
" ဖြေပါ ဆရာလေးရဲ့ ဘာကြောင့်လဲ ဆိုတာကို ဘာလို့ နှုတ်ဆိတ်နေရတာလဲ "
အသံကို အနည်းငယ် မာတင်းပြီး Sam ပြောသောအခါ သိုက်သည် Sam အား ကြည့်လိုက်ရင်း
" ဒီအိမ်မှာ မနေချင်လို့ မနေတာပေါ့ Sam.. အဖြေက ရိုးရှင်းပါတယ် "
" ဟား.. ဆရာလေးက ရုပ်တည်ကြီးနဲ့ လိမ်တက်သားပဲ "
သိုက်သည် Sam အပြောအား တခွန်းမျှ မတုံ့ပြန်ပေ။ ထိုအရာအပေါ် Sam ခံရခက်သည်။ Sam သည် သိုက်နှင့် မျက်နှာချင်းဆိုင်နေရာမှ အကြည်တွေကို တဖက်လွဲပစ်ကာ

أنت تقرأ
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
أدب الهواةDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။