ညပိုင်း 7 နာရီ အနားလောက်ရောက်သောအခါ လွမ်းဟာ ဖုန်းတစ်လုံး၏ တုန်ခါခြင်းကို ခံစားရကာ နိုးလာတယ်..။
" ကျစ် ! ဘယ်က ဖုန်းလဲကွာ "
လွမ်းလည်း ဆူပုတ်ရင်း သူကိုဖက်ထားသော မောင်ကို အသာဖယ်ကာ ဖုန်းကို လိုက်ရှာတော့ မောင်ဖုန်းဟာ အသံမြည်နေတာဖြစ်တယ်..။ မောင်ဖုန်းကို ယူကာ ကြည့်လိုက်တော့ ဖုန်း Contant နာမည် ဟာ ° ဘုန်းသစ်မာန်ချီ ° ဟုရေးထားတယ်..။ တနေ့ ဖုန်းဆက်သော မောင် Boss ဖြစ်နေကာ လွမ်းလည်း အဲလူ ဘာပြောမလဲ စပ်စုစိတ်ဖြင့် ဖုန်းကိုကိုင်ရင်း အသာငြိမ်နေလိုက်တယ် ..။ တစ်ဖက်လူဟာ
📱- " Hello ခမ်းလေး ကိုယ်တစ်နေကုန်လွမ်းနေတာ အခုမှ ဖုန်းဆက်နိုင်တယ် ကိုယ်လည်း အလုပ်များနေတော့ ဒါပေမဲ့ ခမ်းလေးကို အသေလွမ်းနေတာ တနေကုန် ခမ်းလေးဖုန်းကို ကိုယ်မျော်နေတာကိုကွာ ခမ်းလေးက မဆက်ဘူး ဒီညကိုယ်ဆီ မလာဘူးလား ခမ်းလေး အရင်ညတွေက ကိုယ်မအားလို့ မလာပါနဲ့ ပြောတာတောင် အတင်းလာနေသူလေးရေ အခု ကိုယ်ခေါ်တာ လာမလား "
လွမ်း တိတ်ဆိတ်စွာဖုန်းကိုကိုင်ထားရင်လွမ်းခေါင်းထဲ အတွေးတွေ ၀င်လာကာ လွမ်းရင်ဘတ် အောင့်တက်လာသလို လွမ်းခံစားနေရတယ်..။တစ်ဖက်က ဘုန်းသစ်မာန်ချီဟာလည်း ခပ်ရွဲ့ရွဲ့ပြုံးကာ
[ Bingo.. မင်းကိုင်မယ်ဆိုတာ သိသားပဲ လွမ်း ဟက် ]
မာန်ချီ ခပ်တိုးတိုးရယ်လိုက်ကာ
" Hello ခမ်းလေးကိုယ်ကို ပြန်ဖြေအုံးလေ ကိုယ်ကို ချစ်ကြောင်းတွေ မပြောတော့ဘူးလားကွာ အရင်ကဆို ကိုယ်နားညီးအောင် အမြဲပြောနေတာကို ဘာလဲ ခမ်းလေး ကိုယ် ခမ်းလေးကို အချိနိမပေးနိုင်လို့ စိတ်ဆိုးနေတာလား မဆိုးပါနဲ့ ခမ်းလေးရယ် ဒီည လာခဲ့လေ ကိုယ်ရှယ်ပြုစုပေးမယ် ခမ်းလေးကို ခမ်းလေး ကိုယ်ပြောတာကြားလား "
လွမ်း ထိုစကားတွေ ဆက်မနားထောင်နိုင်တော့ဘဲ ဖုန်းကို ပိတ်ချလိုက်ကာ အသားတွေ အေးစက်ကာ နှုတ်ခမ်းတွေ တုန်ရီလာတယ်..။ လွမ်းဟာ ဘေးနားတွင် အိပ်မောကျနေသော မောင်ကို ကြည့်ကာ ရင်ဘတ်ကို ဖိကိုင်ရင်း
[ ရက်စက်လိုက်တာ မောင် လုပ်ရက်လိုက်တာ မောင်ရယ်... ကိုကို က မောင်ရဲ့ တစ်ဦးတည်းသော ပိုင်ရှင်လို့ ထင်ခဲ့တာ အထင်မှားခဲ့ပုံပဲ ကိုကိုက ဒုတိယလူဖြစ်နေခဲ့တာလား မောင် အဲ့လူကို သိပ့်ချစ်တယ်တဲ့လား သိလိုက်ရတဲ့ စကားတွေကြောင့် ကိုကို ဘယ်လို ဆက်လုပ်ရတော့မလဲ မောင်စိတ် နဲ့ အသက်ဆက်နေတဲ့ ကိုကို အပေါ် လုပ်ရက်လိုက်တာ မောင်ရယ် ]

YOU ARE READING
ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်
FanfictionDrama / Possessive / Soft စသည့် ရသပေါင်းစုံပေးနိုင်သည်။ အစပိုင်းကြမ်းတမ်းသောအသုံးနှုန်းများပါဝင်ကာ နောက်ပိုင်းပြေပြစ်ပါသည်။ စိတ်ထိန်းသိမ်းနိုင်ပါက မည်သူမဆို ဖတ်နိုင်သည်။