[ part 4 ]🚨

38.8K 262 4
                                        

🚨Warning🚨

************************
Cafe shop မှ Company ဆီသို့ လွမ်း ရောက်လာသောအခါ ၀န်ထမ်းများကို နှုတ်ဆက်ပြီး ရုံးခန်းထဲ ၀င်သွားကာ အတွင်းရေးမှုူးကို တချက်ခေါ်လိုက်ပြီး

" ခနနေရင် အစည်းအဝေးစမယ် အကုန်လူစုထားလိုက် အချိန်တိကျတာပဲ လိုချင်တယ် "

" ဟုတ် Ceo ကျွန်မ အခုပဲ လူစုလိုက်ပါ့မယ် "

" အင်း......"

အတွင်းရေးမှုုးလည်း အရိုသေပေးရုံးခန်းမှ ထွက်သွားတယ် ။ ထိုနောက်လွမ်းလည်း အစည်းအဝေးအတွက် ဖိုင်များကို ပြန်စစ်ရင်း

" ဟာ့ သွားပါပီ ငါ့အရေးကြီးတဲ့ ဖိုင် နဲ့ USB ကျန်ခဲ့ပြီပဲ ပြန်သွားယူမှ ရမယ် ငါ့လည်း နမော်နမဲ့ကောင်ပါလားနော် "

ကားသော့ ဆွဲကာ ရုံးခန်းထဲမှ ထွက်လာပြီး အနီးနားက မန်နေဂျာကို ခေါ်ကာ

" အရေးကြီးကိစ္စရှိလို့ ငါ့ ခဏ အိမ်ပြန်မယ် အစည်းအဝေး အချိန် နောက်ဆုတ်လိုက် ငါ့ပြန်လာမှ ပြန်ပြောမယ် "

" ဟုတ် CEO ကျွန်တော် ပြောလိုက်ပါ့မယ်ဗျ "

လွမ်းလည်း အရေးကြီးသုတ်ပြာ ကားဆီပြေးကာ ကားပေါ်တက် ကားစက်နှိုးပြီး အိမ်သို့ မောင်းနှင်လေသည်။ထိုအချိန် လွမ်းကို စောင့်ကြည့်နေသောသူမှ ဖုန်း Call တစ်ခုကို ဆက်လိုက်ကာ

"📱- Hello Boss လွမ်းဦးတိုင်စေ အခုပဲ ကားမောင်းထွက်သွားပါတယ် "

"📲- ............. "

"📱- ဟုတ် Boss ကျွန်တော် သူနောက်အခုပဲ လိုက်ပါ့မယ် "

ထိုလူလည်း ဖုန်းချကာ လွမ်း ရဲ့ ကားနောက်ကို နောက်ယောက်ခံလိုက်လာတော့သည်။ လွမ်း အချိန်အတန်ကြာ ကားမောင်းရင်း အိမ်သို့ရောက်လာကာ ကားပေါ်မှဆင်း အိမ်ထဲသို့ ၀င်ပြီး အိမ်ရှိ သီးသန့် ရုံးခန်းတွင် ဖိုင်တွဲ နှင့် USB ကိုရှာနေသည်။ ထိုအချိန် နောက်ယောင်ခံလိုက်လာသူမှ တဖက်ရှိ ရှင်းသွေးထိုက်ခေါင် အား သတင်းပေးလိုက်တယ် ။

"📲 - ............ "

"📱- ကောင်းပြီ ငါ့အခု လူလွှတ်လိုက်မယ် လွမ်းဦးတိုင်စေကို အခု ငါ့ဆီ ခေါ်လာခဲ့ တစ်ခုခုလွဲချော်ရင် မင်းတို့ အသက်ကို ငါ့ အာမခံဘူး "

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now