Part [ 41 ]

1.5K 20 2
                                        

" ဆရာလေးသိုက်ရေ ရှိလားဗျာ ကျနော် Sam ပါ "

ဟု အိမ်တစ်လုံးရှေ့ ခြံတံခါးမှ Sam တစ်ယောက် အော်ခေါ်နေတုန်း အိမ်ထဲမှ အရပ်ရှည်ရှည် အသားဖြူဖြူ ဆံပင်အညိုရောင်နှင့် ခပ်ချောချော ယောကျာ်းတစ်ဦး ဖြစ်သည့် သိုက်ဆက်ခွန်းနောင်မှ ထွက်လာကာ

" Sam အိမ်ဘက် တကူးတက ဘာလာလုပ်တာတုန်း "

" Boss အိမ်မှာ လူနာ ရောက်နေလို့ လာခေါ်တာဗျ "

" ဪ ဖုန်းဆက်ရုံနဲ့တင် ကိုယ်လာမှာပေါ့ Sam.. တကူးတက လာခေါ်စရာ မလိုပါဘူး "

" ကျနော် အတွက် ဆရာလေးသိုက်ကို တကူးတက လာခေါ်ဖို့ အခွင့်အရေး ရလို့ လာခေါ်တာပါ​ဗျာ မဆူပါနဲ့ဗျာ "

" ကိုယ်ဆူနေတာ မဟုတ်ဘူး Sam.. ကိုယ် ပြောတာကို နားလည်စေချင်တာ Sam က ကိုကြီး ရှင်းသွေးရဲ့ Bodyguard လေး Sam အခု သူရဲ့ လုံခြုံရေး အတွက် သူဘေးနား ရှိနေသင့်တယ်ဆိုတာကို သိလား "

" ကျနော် သိပါတယ် ဆရာလေးရယ် ဒါပေမဲ့ Boss မှာ ကျနော် အပြင် Jason ရှိပါတယ် လုံခြုံမှု
အပြည့်ပါဘဲ အခုက ဆရာလေးရဲ့ လုံခြုံရေးကို စိုးရိမ်လို့ ကျနော် လာခေါ်တာ မှားလားဗျာ "

" မမှားပေမဲ့ ကိုယ်မကြိုက်ဘူး... ကိုယ်မကြိုက်ရင် Sam ဆက်မလုပ်လောက်ဘူး ထင်တယ် ကိုယ်အတွက် တကူးတက ဆိုတဲ့အရာတွေ မလိုအပ်ဘူး Sam "

Sam သည် ပါးစပ်ကို တင်းအောင်စိရင်း ဝဲတက်သွားသော မျက်ရည်စအား သိုက် မမြင်စေအောင် ခေါင်းငုံရင်း ခေါင်းကို တဆတ်ဆတ်သာ ငြိမ့်လိုက်သည်။ Sam ၏ နောက်မှ လူနှစ်ယောက်ဟာလည်း Sam တို့ စကားကြားထဲ ဝင်မပါဘဲ အခြေအနေသာ အကဲခတ်နေသည်။ သိုက်လည်း သူ၏ ရှေ့မှ သူနှင့်မေးဖျားလောက်သာ ပုသော အသားဖြူဖြူ ကတုံးဆံပင်ပေါက် နည်းနည်း အရှည်လေးကိုမှ ထိုးထိုးထောင်ထောင် လေးဖြစ်နေသော တရုတ်ပေါက်စလေး Sam အား ကြည့်ကာ သက်ပြင်းချရင်း

" ကိုယ် အိမ်ထဲမှ ဆေးပစ္စည်းတွေယူပြီး ကိုယ့်ကား နဲ့ ကိုယ်လာခဲ့မယ် Sam.. အရင် အိမ်ကို ပြန်သွားလိုက်ပါ "

လို့ သိုက်ပြောသောအခါ Sam တစ်ယောက် ခွန်းတုံမပြန်တော့ဘဲ ခေါင်းညိမ့်ရင်း ကားထဲဝင်ကာ ကားမောင်းပြီး သူ့တပည့်တွေနှင့်အတူ ထွက်သွားလေ၏။ သိုက်လည်း အိမ်ထဲဝင်၍ လိုအပ်သော ပစ္စည်းများ ယူပြီးနောက် အိမ်တွင်းရှိ သူ၏ Luxury ကားအား မောင်းထုတ်ရင်း ရှင်းသွေး အိမ်သို့ သွက်သွက်ကလေး မောင်းသွား၏။ အိမ်သို့ရောက်သောအခါ Sam အား တချက်ရှာကြည့်ပေမဲ့ သိုက်တစ်ယောက် မတွေ့ခဲ့ပါ။ ထိုအချိန် Jason ရောက်လာကာ

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now