[ Part 24 🚨 ]

19K 107 4
                                        

ရှင်းသွေးဟာ သူ၏ ဖခင်အား နားမလည်စွာ ကြည့်ရင်း

" ဘယ်လို အပေးအယူတုန်း အဖေ "

" မင်းသာ ငါသဘောတူထားတဲ့ Mr kim ရဲ့ သမီး Harryနဲ့ လက်ထပ်မယ် ဆိုရင် ငါ လွမ်းဦးတိုင်စေ ကို အခုချက်ချင်း မင်းရှေ့ကို အရောက်ခေါ်လာပေးမယ် "

" ဘယ်လို ... အဖေ က လွမ်းကို တွေ့ထားတာလား "

" ငါ မင်းထက်လည်လို့ မင်းအဖေ လုပ်နေတာကို သတိရပါအုံး ရှင်းသွေးထိုက်ခေါင် ငါပြောတာ သဘောတူရဲ့လား "

" သား... သား..."

ရှင်းသွေး တွေဝေနေတယ် ..။ လွမ်းအခုချိန် သူရှေ့ရောက်လာတောင်မှ သူက တခြားမိန်းကလေး နဲ့ လက်ထက်ရမယ်ဆိုရင် လွမ်းကိုသူ စွန့်လွတ်ရမယ်ဟူသော အသိက ၀င်လာသောကြောင့် တွေဝေပြီးရင်း ပိုလို့ပင် တွေဝေနေတယ်..။ ဦးထိုက်တန်ကလည်း ဖခင်ပီသစွာဖြင့် သူရဲ့သား မျက်နှာကို ကြည့်ကာ

" မင်းတွေဝေနေတာ ငါသိတယ် ငရှင်း အဲ့တော့ ငါက အပေးယူကောင်း ဖြစ်အောင် လုပ်ပေးမယ် မင်း နဲ့ လွမ်းဦးတိုင်စေ ငါးလ တိတိ နေခွင့်ရမယ် ငါးလပြည့်တာနဲ့ မင်း ငါသဘောတူထားတဲ့ မိန်းကလေး Harry နဲ့ လက်ထပ်ရမယ်  Mr Kim က သေခါနီးပြီဆိုတော့ မင်းဆီ သူစည်းစိမ် နဲ့ လုပ်ငန်းကို အပြီးပိုင်လွဲပြောင်းလို့ ပြီးသွားပြီး Mr Kim သေပြီး နောက်ပိုင်း မင်းဘက်က Harry ကို ကွာရှင်းတာ ဘာညာ က မင်းအပိုင်းဘဲ ငါ့ဖြစ်စေချင်တာ မင်းလက်ထဲ Mr Kim ရဲ့ လုပ်ငန်း နဲ့ စည်းစိမ်တွေရောက်လာစေချင်တာဘဲ ရှိတယ် "

" အဖေ က ကျုပ် ကို လုပ်ငန်းအတွက် ထိုးထည့်တယ်ပေါ့ "

" ငါ့မင်းကို မွေးထားတာ အလကားထိုင်စားခိုင်းဖို့မှ မဟုတ်ဘဲ ပြီးတော့ အဲ့မိန်းမနဲ့လက်ထပ်ပြီးရင် မင်းစိတ်ကြိုက်လုပ်ခွင့်ပေးထားတာပဲ မင်း လွမ်းဦးတိုင်စေနဲ့ ပြန်ပေါင်းလို့လည်း ရနေတာပဲကို အခုဆိုလည်း လွမ်းဦးတိုင်စေကို မင်းဆီ ငါးလတိတိ ခေါ်လာပေးမှာလေ မင်းဘက်မှာ နာမယ့်အကွက် မရှိပါဘူး
ငရှင်း သေချာစဥ်းစားကြည့် မင်းသာ လက်ရဲမယ် ဆိုရင် အဲ့မိန်းမ နဲ့ လက်ထပ်ပြီးတာနဲ့ Mr Kim က အမွေတွေ မင်းဆီလွဲရင် သူတို့ကို မင်းသတ်လိုက်ပြီး အစဖျောက်လည်း ရတာပဲကို "

ရမ္မက်ပြင်းသောအတ္တဖြင့်ချစ်ခဲ့သည်Where stories live. Discover now