အခန်း ၃

1.5K 250 10
                                    

Heavenly Wife

Unicode

အခန်း ၃: ဒေါသကြီးတယ်

လင်းကျင်းယွင်က ဖုန်းယန်ကို အရေးပေါ်ခန်းမှ ခေါ်ထုတ်ကာ ဆေးဖိုးဝါးခပေးချေခဲ့သည်။ ဖုန်းယန်ရဲ့အခြေအနေက ပိုကောင်းလာတာကို မြင်တော့ ကျောင်းဆရာဝန်က စားစရာဝယ်ဖို့ထွက်သွားခဲ့သည်။

ဖုန်းယန်က မနက်ပိုင်းအတန်းလေးချိန်မြောက်မှာ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့ပြီး အခုက နေ့ခင်းပိုင်းဖြစ်နေပြီ။ ထိုအဖြစ်အပျက်ကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေနှင့်အတူ ဟိုဟိုဒီဒီသွားလာပြီးနောက် လူတွေက ဗိုက်ဆာနေပြီဖြစ်သည်။

ဖုန်းယန်ရဲ့ဒဏ်ရာတွေကို ကုသပြီးသွားပြီးနောက် သူ့အိပ်ကပ်ထဲက တစ်ရှူးတစ်ခု ထုတ်ယူလိုက်ကာ မျက်နှာပေါ်မှာ ကျန်နေသေးတဲ့သွေးတွေကို သုတ်ရန်အတွက် ရေအနည်းငယ် စွတ်လိုက်သည်။ ယခုအချိန်မှာ သူ့မျက်နှာက သန့်ရှင်းသွားပေမယ့် သူ့အဝတ်အစားတွေပေါ်မှာ သွေးတွေ ရွှဲနေတာက ထိတ်လန့်စရာ ကောင်းနေတုန်းပင်။ ဘာပဲဖြစ်ဖြစ် အခုတော့ လိုအပ်တဲ့ ကုသမှုတွေ ခံယူပြီးသွားပြီး အရင်က ဖြူဖျော့နေတဲ့ မျက်နှာက အရောင်နည်းနည်း ပြန်ကောင်းလာတာကြောင့် လင်းကျင်းယွင်က စိတ်သက်သာသွားသည်။

ဖုန်းယန်က သူနာပြုနားနေဆောင်အနီးတွင် ထိုင်ကာ လူအုပ်ကို ကြည့်နေလိုက်သည်။ ဆေးစစ်ပြီးသွားပြီမို့ ယခုအခါ ရလဒ်ကို စောင့်မျှော်နေတာဖြစ်သည်။ မူလက သူက ဘာဆေးစစ်မှုမှ မလုပ်ချင်ပေမယ့် ဒဏ်ရာအသေးစားလေးတွေကို ကုသရန်အတွက် သူ့ရဲ့အဖိုးတန်ဝိညာဉ်စွမ်းအင်ကို ဖြုန်းတီးရမှာ စိုးတာကြောင့် ဆေးစစ်ခဲ့တာဖြစ်သည်။

စစ်ဆေးချက်တွေက အဆင်ပြေပေမယ့် သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဆေးထိုးဖို့လိုတယ်လို့ ပြောခဲ့ကြသည်။

လင်းကျင်းယွင်က သူ့ကို ကာကွယ်ဆေး ထိုးဖို့လိုတယ်ဟုဆိုပြီး ဓာတ်မတည့်မှုစစ်ဆေးခြင်းကို လုပ်ဆောင်ရန် အခိုင်အမာပြောနေတာကြောင့် ဖုန်းယန်က သူ့အသက်နှစ်ဆယ်တွင် ပထမဆုံးအကြိမ်အဖြစ် သူ့အသားကို အပ်နဲ့ထိုးခံဖို့ လုပ်လိုက်ရတော့သည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now