အခန်း ၂၂

1K 200 13
                                    

Heavenly Wife

Unicode

အခန်း ၂၂ : ပြည်ပမှ တင်သွင်းသည့်သရေစာ

ရှန်းချမ်က သင်္ချိုင်းမြေနေရာနှစ်ခုကို စဉ်းစားထားပြီး တစ်ခုမှာ မြို့တွင်းရှိသင်္ချိုင်း ဖြစ်ပြီး ကျန်တစ်ခုမှာ ၎င်း၏မွေးရပ်မြေတွင် တည်ရှိသည်။ သူ့မွေးရပ်မြေရှိ မြေသည် ပိုင်ရှင်က မြေကွက်တွေ အများကြီး ခွဲမရောင်းဘဲ တစ်ခုလုံးကို ရောင်းတာဖြစ်သဖြင့် အလွန်ကြီးပေမယ့် ပတ်ဝန်းကျင်က သန့်ရှင်းလှသည်။ အခြားတစ်ဖက်တွင်တော့ မြို့တွင်းရှိ သင်္ချိုင်းမြေနေရာက ပိုမိုနီးကပ်ပြီး စီမံခန့်ခွဲရန် ပိုမိုအဆင်ပြေမည်ဖြစ်သည်။

မနက်စောစောတွင် ဖုန်းယန်က ပန်ယွိကို ဘယ်လိုမှ ချန်ထားခဲ့လို့မရဘဲ သူ့နောက်လိုက်နေသဖြင့် သူနဲ့အတူ ခေါ်ခဲ့ရတော့သည်။ 

ထို့ကြောင့် ရှန်းချမ်က လူနှစ်ကောင်နှင့် ငှက်တစ်ကောင်ကို ကြိုဆိုပြီး သူ့မွေးရပ်မြေသို့ ဦးစွာ အပြေးသွားကြသည်။ ရှန်းချမ်၏ဇာတိမြို့သည် ဖန့်ယွင်မြို့မှ ကီလိုမီတာ၂၁၀အကွာတွင် တည်ရှိပြီး အဝေးပြေးလမ်းမကြီးအတိုင်း မောင်းနှင်လျှင် နှစ်နာရီတောင်မကြာပေ။ ရှန်းချမ်က သူ့မိဘတွေနဲ့အတူ သူ့ကိုယ်ပိုင်ဂျစ်ကားကို မောင်းခဲ့ပြီး  ဦးလေးလျှိုရဲ့သား လျှိုကျန်းဟယ်က ရှန်းချမ်၏ဂျစ်ကားနောက်မှလိုက်ကာ ပန်ယွိ၊ ဖုန်းယန်နှင့် ဟွားချန်တို့ကို သယ်ဆောင်သည့် Hummerကို မောင်း နှင်ခဲ့သည်။

မနေ့က ပန်ယွိရဲ့ပန်းခြံထဲတွင် ပင့်ကူမျှင်တွေ ဖမ်းတဲ့ဖြစ်စဥ်က ဦးလေးလျှိုရဲ့ စိတ်ထဲကို ထုတ်ချင်းပေါက်ဝင်ရောက်သွားခဲ့ပြီး ခေါင်းကိုက်စေခဲ့သဖြင့် ဒီနေ့ ကားမမောင်းနိုင်ရှာတော့ပေ။ ဒါကြောင့် သူက သခင်ကြီးပန်ရဲ့အမိန့်အတိုင်း စူပါမားကတ်ကို သွားခဲ့သည်။

ရှန်းချမ်၏ မွေးရပ်မြေသို့ ရောက်ရှိလာတဲ့အခါ ၎င်းတို့၏ ကားများသည် လမ်းမရှိတော့ဘဲ လယ်ကွင်းတွေသာ ရှိတော့သဖြင့် အတွင်းပိုင်းထဲသို့ မဝင်ရောက်နိုင်ကြတော့ပေ။ ထို့ကြောင့် အဖေရှန်နှင့်အမေရှန်တို့က  သူတို့၏ဆွေမျိုးအိမ်တွင် ကျန်နေခဲ့ကြပြီး ဖုန်းယန်၊ ပန်ယွိနှင့် လျှိုကျန်းဟယ်တို့က  အနီးနားရှိ လယ်ကွင်းများဆီသို့ ရှန်းချမ်နောက်မှလိုက်သွားကြသည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now