အခန်း ၄၆

617 121 3
                                    

Heavenly Wife

Unicode

အခန်း ၄၆ : မွေးရပ်မြေ (၂)

ကျိုးရွှမ်၏ တာဝေးအပြေးပြိုင်ပွဲ ပြီးဆုံးသည်နှင့်တပြိုင်နက် ဖုန်းယန်က ခွင့်တိုင်ရန် လင်းကျင်းယွင်ဆီသို့ သွားခဲ့သည်။ ဖုန်းယန်က နောက်ဆုံး ဆုပေးပွဲအခမ်းအနားသို့ မတက်သည့်အတွက် လင်းကျင်းယွင်က နောင်တရခဲ့သော်လည်း ဖုန်းယန်က အားကစားပြိုင်ပွဲများတွင် ကောင်းစွာစွမ်းဆောင်ခဲ့ပြီး အတန်းအတွက် ဂုဏ်ထူးများစွာရရှိခဲ့သည်။ ထို့ကြောင့် သူခွင့်တိုင်လာသည့်အခါ လင်းကျင်းယွင်က သူ့ကို မငြင်းနိုင်ဘဲ အားကစားပွဲမပြီးဆုံးမီ သူ့ကို ပြန်ခွင့်ပြုလိုက်သည်။

အိမ်ပြန်ပြီးနောက် ဖုန်းယန်က သူ့ရဲ့လူခန္ဓာကိုယ်ကို သူ၏မူလခန္ဓာကိုယ်အဖြစ် လဲလှယ်ခဲ့ပြီး ကံကောင်းထောက်မစွာပင် ပန်ယွိက အထူးတလည် ဘာမှမလုပ်ခဲ့ပေ။

တစ်ဖက်တွင် ပန်ယွိက ယန်လျှိုအား ဖုန်းယန်နှင့် ပန်ယွိတို့ရဲ့သေမျိုးအလောင်းများကို ကြည့်ရှုစောင့်ရှောက်ရန် ပြောကြားခဲ့ပြီး မသေမျိုးကမ္ဘာမှ မျိုးနွယ်စုလေးခု၏ မွေးရပ်မြေဆီသို့ နယ်နိမိတ်တံခါးကို ဖွင့်လိုက်သည်။

မသေမျိုးနတ်အဆင့်အတန်းမရှိသော လူတစ်ဦးအနေဖြင့်  လူ့လောကနှင့် မသေမျိုးလောကကြား နယ်နိမိတ်ကို ဖြတ်ကျော်ရန် အခွင့်အရေးအလွန်နည်းပါးသည်။ နယ်နိမိတ်တံခါး၏ ဝိညာဉ်ရေးစွမ်းအားကြောင့် ဆယ်ပုံပုံရင် ကိုးပုံခန့်က အပိုင်းပိုင်းကွဲသွားနိုင်သည့် အလားအလာ ရှိသည်။

ဖုန်းယန်က တည်ငြိမ်သလိုဖြစ်နေပေမယ့် တကယ်တော့ သူ အလွန်ကြောက်ရွံ့နေခဲ့သည်။ အဆိုးဆုံးအခြေအနေအတွက် မပြင်ဆင်ရသေးခင်မှာပဲ ပန်ယွိက ရုတ်တရက် သူ့ကို ပွေ့ဖက်ပြီး နယ်နိမိတ်တံခါးဆီကို တည်ငြိမ်စွာ လျှောက်သွားခဲ့သည်။

ဖုန်းယန်က မျက်လုံးဖွင့်ကြည့်လိုက်ရာ တိမ်နှင့် မြူခိုးတို့ရဲ့ စီးဆင်းသံ၊ ရေတံခွန်ရဲ့ကွဲပြားတဲ့အသံ၊ ငှက်များနှင့် အင်းဆက်ပိုးမွှားများ၏ တေးဆိုသံနှင့် လေထဲတွင် လွင့်ပျံနေသည့် အပင်များနဲ့ ပန်းများ၏ ရနံ့များကို တွေ့လိုက်ရသည်။

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now